Powered by Blogger.

ဒီလထဲမှာ ထုတ်ကုန်နှစ်မျိုးမိတ်ဆက်ပွဲလုပ်ရန် Tesla စီစဉ်နေ


Tesla ဟာ ဒီအောက်တိုဘာလထဲမှာ ကုန်ပစ္စည်းစုံတွဲသစ်နှစ်ခု မိတ်ဆက်ပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ CEO ဖြစ်သူ Elon Musk ရဲ့ Twitter ကတစ်ဆင့် ပြောကြားချက်အရ သိရပါတယ်။

Tesla ရဲ့ ပထမဆုံး ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို လာမယ့် အောက်တိုဘာလ ၁၇ရက်နေ့၊ တနင်္လာနေ့မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ Musk ကပြောကြားခဲ့ပြီး Model 3 ကားကို ဆက်ခံမယ့် ထုတ်ကုန်ဖြစ်လာဖွယ် ရှိကြောင်း ဒီနှစ်အစောပိုင်းလောက်တုန်းကလည်း သတင်းထွက်ဖူးပါတယ်။

ယခင်တုန်းကတော့ အောက်တိုဘာလ ၂၈ရက်နေ့မှာ ထုတ်လုပ်မှာ ဖြစ်တယ်လို့ Musk ကပြောဖူးပေမယ့် ယခုလို ရက်ကို ရှေ့တိုးလိုက်တာပါ။ Tesla အနေနဲ့ ဆိုလာအမိုးပါဝင်တဲ့ ဇိမ်ခံကားကို ထုတ်ဖော်ဖို့အတွက် စီစဉ်ထားပြီး SolarCity စီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသလည်း ဖြစ်ဟန်တူပါတယ်။ ဒီဆိုလာအမိုးတွေဟာ ပထမဆုံး Musk ရဲ့ မာစတာအစီအစဉ်တစ်ခုလည်း ဖြစ်တယ်လို့ Tesla က ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြောဖူးပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
Technology.thithtoolwin.com
Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment