Samsung ဟာ ပြီးခဲ့တဲ့လအနည်းငယ်က Gear S3 စမတ်နာရီတွေကို IFA ပွဲမှာ ထုတ်ဖော်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဒီနာရီတွေကို လာမယ့် နိုဝင်ဘာလ ၁၈ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ နောက်ဆုံးသတင်းတစ်ရပ်က ဆိုပါတယ်။ အဲ့ဒီအပြင် နိုဝင်ဘာလ ၆ရက်နေ့မှာ စတင် Pre Order အနေနဲ့ မှာယူနိုင်ပြီဖြစ်ပါတယ်။
နာရီတွေဟာ အမျိုးအစားနှစ်မျိုးနဲ့ ပေါ်ထွက်လာမှာဖြစ်ပြီး Classic နဲ့ Frontia လို့ ခွဲခြားထားတာပါ။ လုပ်ဆောင်ချက်တွေအနေနဲ့ နာရီတွေဟာ မျက်နှာပြင်အကျယ် ၁.၃လက်မရှိပြီး ရေစိုခံအဆင့် IP68 ရှိပါတယ်။
မျက်နှာပြင်ကိုတော့ Gorilla glass SR+ ကိုအသုံးပြုထားပြီး Chipsets ကိုတော့ dual-core Exynos ကိုအသုံးပြုထားတာပါ။ RAM အနေနဲ့ 786MB ရှိပြီး 4GB Storage, GPS နဲ့ 380mAh ဘက်ထရီတွေကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဘက်ထရီအရည်အသွေးအနေနဲ့ ၃ရက်၎ရက်အထိ ကြာရှည်အသုံးပြုနိုင်ကြောင်း အာမခံထားပါတယ်။
Gear S3 မှာအထူးလုပ်ဆောင်ချက်တစ်ရပ်အနေနဲ့ Samsung Pay ကို Built In အနေနဲ့ ထည့်သွင်းအသုံးပြုနိုင်မှာပါ။ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၃၅၀ရှိမယ်လို့ သိရပါတယ်။
( Beauty Syh )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Engadget
nice!
ReplyDeletesamsung