Powered by Blogger.

HTC Vive ကို ဒေါ်လာ တစ်ရာဈေးချ



ယခုအခါအားလပ်ရက် ရာသီအတွင်းမှာ စမတ်ဖုန်းတွေကိုသာ ဈေးချနေတာမဟုတ်ပဲ Microsoft ကရောင်းချနေတဲ့ HTC ရဲ့ Stream-powered Vive VR Headset ကိုလည်း လျှော့ဈေးနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

 Microsoft ရဲ့ Online စတိုးမှာ နဂိုဈေးနှုန်း ဒေါ်လာ ၇၉၉ကနေ ဒေါ်လာတစ်ရာလျှော့ပြီး ဒေါ်လာ ၆၉၉နဲ့ ရောင်းချနေတာပါ။

ထပ်တိုးအနေနဲ့ ကုမ္ပဏီဟာ ဈေးလျှော့ပေးမယ့်အပြင် နောက်ထပ် ဒေါ်လာ ၁၀၀ဖိုး Microsoft Store ရဲ့ လက်ဆောင်တွေကို ထပ်မံပေးအပ်သွားဦးမှာပါ။ အဲ့ဒီအပြင် VR Headset နဲ့ တွဲဖက်ဆော့ကစားဖို့ The Gallery – Episode 1: Call of the Starseed and Zombie Training Simulator ဂိမ်းလည်းပါဝင်မှာ ဖြစ်ပါတယ်။

“HTC Vive ဝယ်ယူပြီး ဒေါ်လာ တစ်ရာတန်ဖိုးရှိတဲ့ GeGorce GTX Graphic car, Desktop ဒါမှမဟုတ် Laptop ကိုရယူနိုင်ပါပြီ” လို့ ရေးသားထားခဲ့ပါတယ်။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment