Powered by Blogger.

Huawei Mate 9 ကကို အရောင်သစ်တစ်မျိုးထပ်မံ ထည့်သွင်း



ဒီနှစ်နိုဝင်ဘာလထဲမှာ မိတ်ဆက်ထားတဲ့ Huawei ရဲ့ Mate 9 စမတ်ဖုန်းကို ရှိပြီးသား အရောင်တွေအပြင် ယခုအခါမှာ အရောင်သစ်တစ်မျိုးထပ်မံထည့်သွင်းလိုက်ပါတယ်။

ထည့်သွင်းလိုက်တဲ့ အရောင်ကို တရုတ်ကုမ္ပဏီက Obsidian Black လို့နာမည်ပေးထားတယ်လို့ ဆိုပါတယ်။

အရောင်သစ်ထည့်သွင်းထားတဲ့ ဖုန်းဟာ Apple ရဲ့ iPhone မှာပါဝင်တဲ့ Jet Black အရောင်လိုမျိုးပဲ ဖြစ်ပါတယ်။

Mate 9 Obsidian Black ဟာ ဆိုရင် ယခင် Mate 9 တွေလိုပဲ ပါဝင်တဲ့အချက်အလက်တွေကတော့ ပြောင်းလဲမှုမရှိပါဘူး။ Kirin 960 Processor, 4GB RAM, 64 GB Storage, 8MP ရှေ့မျက်နှာကင်မရာ, 4000mAh ဘက်ထရီနဲ့ USB Type C, Android 7.0 Nougat တို့ပါဝင်တာပါ။ ကျောဘက်မှာတော့ 20MP+12MP ရှိတဲ့ Dual Camera ကို တပ်ဆင်ထားပါတယ်။ Dual Curved မျက်နှာပြင်ကို အသုံးပြုထားပါတယ်။

Obsidian Black ဗားရှင်းကို ဒီဇင်ဘာလ ၂၅ရက်နေ့က စတင်ပြီး ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

( U Min Thant )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: GSM Arena




Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment