Powered by Blogger.

Jack Black ရောင် iPhone ကို ယှဉ်ပြိုင်မယ့် ပုလဲနက်ရောင် Samsung Galaxy S7 Edge


Samsung Galaxy S7 Edge ကတော့ ပုလဲနက်ရောင် ဗားရှင်းနဲ့ ထုတ်လုပ်လာဖွယ်ရှိပြီး iPhone 7 မျိုဆက်ထဲက Jack Black အရောင် စီးရီးတွေကို အဓိက ယှဉ်ပြိုင်သွားဖွယ်ရှိနေပါတယ်။

Note 7 နဲ့ iPhone 7 မျိုးဆက်ကို ယှဉ်ဖို့ပြုလုပ်ခဲ့ပေမယ့်လည်း အခွင့်မသာခဲ့တာကြောင့် အခုလိုမျိုးပဲ Samsung Galaxy S7 Edge ကို ပုလဲနက်ရောင်နဲ့ ထပ်မံထုတ်လုပ်ပြီး ဈေးကွက်လုဖို့ ကြိုးစားလာတာဖြစ်နိုင်ပါတယ်။

Samsung ရဲ့ ယခု Samsung Galaxy S7 Edge ပုလဲနက်ရောင်ဟာ တန်ဖိုးကြီးဖုန်းအဖြစ်ကိုင်တွယ်ရာမှာ ပိုမို ပေါ်လွင်လာမှာဖြစ်တယ်လို့ Samsung က ကြေညာခဲ့ပါတယ်။
Apple ဟာ iPhone အတွက် အရောင်တွေ စီစဉ်ရာမှာ အတော်လေးကို အောင်မြင်ခဲ့တာကြောင့် Samsumg ကလည်း သူတို့ဈေးကွက်ကို အရောင်ကောင်းကောင်းတွေနဲ့ ရယူဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

Samsung ဟာ Galaxy S8 ဖုန်းမှာလည်း iPhone 7 လိုပဲ နားကြပ်ပေါက်ပါဝင်တော့မှာမဟုတ်ဘဲ virtual home button ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

( Mocha)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref:  MacRumors
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment