Powered by Blogger.

Mi Mix ဖုန်းကို ဆက်ခံမယ့် ဖုန်းသစ်ကို ပြုလုပ်နေကြောင်း Xiaomi CEO အတည်ပြု



ပြီးခဲ့တဲ့ လေးလလောက်တုန်းက Xiaomi က ထုတ်လုပ်ခဲ့တဲ့ Mi Mix ဖုန်းကို ဆက်ခံမယ့် ပစ္စည်းမျိုးဆက်သစ် (Mi Mix ll လို့ခေါ်နိုင်) အတွက် စတင်အလုပ်လုပ်နေပြီ ဖြစ်တယ်လို့ တရုတ်ကုမ္ပဏီက အတည်ပြုခဲ့ပါတယ်။

အတည်ပြုချက်ဟာ ကုမ္ပဏီရဲ့ CEO ဖြစ်သူ လေဂျွင်းရဲ့ ပြောကြားမှုကနေ တရုတ်လူမှုကွန်ယက် Weibo က ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။


လေဂျွင်းက “ကျွန်တော်ဒီနေ့မှာ နိုင်ငံတကာဒီဇိုင်းပညာရှင် Philippe Starck နဲ့ တွေ့ခဲ့ရလို့ အရမ်းကျေနပ်ပါတယ်။ သူက နောက်ထွက်မယ့် Mi MIX Design Concep အတွက် မိတ်ဆက်ပေးမယ့်သူဖြစ်ပြီး ကျွန်တော်တို့ဟာ ထုတ်ကုန်တွေအတွက် တီထွက်ဆန်းသစ်မှုတွေကို ဆက်လုက်လုပ်ဆောင်နေမှာပါ” လို့ ပြောခဲ့ကြောင်း သိရပါတယ်။

ဒါဟာဆိုရင် Mi MIX ဖုန်းအတွက် ဒီဇိုင်းသစ်ကိုတောင် စတင်လုပ်ဆောင်နေတာကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ တခြား Mi MIX II နဲ့ ပတ်သက်လို့ အသေးစိတ်သတင်းတွေကတော့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

U Min Thant

#technology.thithtoolwin.com

Source : GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment