Powered by Blogger.

နောက်တစ်ပတ်ကျရင် ထုတ်ဖော်မယ့် ပစ္စည်းသစ်တစ်ခုအတွက် HTC အမြည်းချပြ



HTC ဟာ Product Launch တစ်ခုအတွက် စတင်လိုက်ပြီဖြစ်ပြီး ထုတ်ဖော်မယ့်ရက်ကို နောက်တစ်ပတ်လို့ ဖော်ပြထားပါတယ်။ ဒီနေ့မှာ HTC တင်ခဲ့တဲ့ Facebook Post တစ်ခုအရ ထိုင်ဝမ်ကုမ္ပဏီက “မမျှော်လင့်ထားတဲ့ အံ့အားသင့်မှုတစ်ခု” ကို မတ်လ ၂၀ရက်နေ့မှာ ယူဆောင်လာမယ်လို့ ဆိုခဲ့တာပါ။ 

ဒါပေမယ့် ကုမ္ပဏီက ဘာပစ္စည်းဖြစ်မယ်၊ ဘယ်လိုအမျိုးအစားဖြစ်မယ်ဆိုတာကိုတော့ ပြောကြားခြင်းမရှိပဲ ပွဲအတွက် ပုံရိပ်တစ်ခုနဲ့အတူ ပုံထဲမှာ “Spring is Coming” လို့ ရေးထားခဲ့တာပါ။
သတင်းတွေရဲ့ ခန့်မှန်းချက်တွေအရတော့ ဒါဟာဆိုရင် HTC အနေနဲ့ နောက်ထပ် အဓိက စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်တယ်လို့ ဆိုကြပါတယ်။

 ဒါပမေယ့် တချို့သတင်းတွေအရ လက်ရှိဖုန်းကို Update လုပ်ထားတဲ့အမျိုးအစား ဒါမှမဟုတ် လတ်တလော ထုတ်လုပ်ထားတဲ့ U Ultra စမတ်ဖုန်းသစ်ရဲ့ Saphire မျက်နှာပြင်နဲ့ အမျိုးအစားအတွက်လည်း ဖြစ်နိုင်ကြောင်း ဆိုခဲ့ကြတာပါ။ 

U Min Thant

#techinology.thithtoolwin.com
Ref: GSMArena
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment