Powered by Blogger.

Nintendo Switch ရဲ့ ရောင်းအား ဒေါ်လာ တစ်သန်းကျော်သွား




Nintendo Switch ကတော့ ပန်းပန်ပြီး ပွဲထွက်ခဲ့ပါတယ်။ Switch Console ကို နေရာတကာမှာ တွေ့နေရတာနဲ့အညီ SuperData ရဲ့ အချက်အလက်တွေအရ Nintendo Switch ဟာ တစ်ကမ္ဘာလုံးရောင်းအား ဒေါ်လာ ၁.၅သန်းကျော်သွားပြီလို့ ထုတ်ဖော်ခဲ့ပါတယ်။

SuperDAta ရဲ့ အချက်အလက်တွေအရ Famitsu နဲ့ GfK ကို နှစ်ခုလုံးမှာ ရောင်းချထားခဲ့တဲ့ Console စုစုပေါင်းဟာ US တစ်ခုထဲမှာတင် အလုံးရေ ၅သိန်းကျော်သွာပါပြီ။ ဂျပန်ဟာလည်း ရောင်းအားအကောင်းဆုံး ဒုတိယဖြစ်ပြီး အလုံးရေ ၃၆၀,၀၀၀ ရောင်းချထားရပါတယ်။ ပြင်သစ်မှာ အလုံးရေ တစ်သိန်းကျော်နဲ့ UK မှာ အလုံးရေ ရှစ်သောင်းကျော်ရောင်းချထားရပါတယ်။

ဒီရောင်းအားဟာ ပထမအပတ်ရောင်းအားအကောင်းဆုံး ကွန်ဆိုးတွေရဲ့ နံပါတ်၁၀နေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ SuperData ရဲ့ စစ်တမ်းအရ ဂိမ်းစက်ကို ဝယ်ယူသူတွေရဲ့ ၈၉ရာခိုင်နှုန်းဟာ The Legend of Zelda: Breath of The Wild ကိုလည်း ဝယ်ယူကြကြောင်းလည်း သိရပါတယ်။ ဒါကြောင့် ဒီဂိမ်းစက်နဲ့ ဒီဂိမ်းကို ဆွဲဆောင်ခဲ့လေသလားလို့တောင် ထင်စရာပါ။ 

U Min Thant

#technology.thithtoolwoin.com

Ref: Slash Gear

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment