Samsung Galaxy Folder 2 ခေါက်ဖုန်းကို တောင်ကိုရီးယားနိုင်ငံမှာ စတင်ရောင်းချနေပြီး တရုတ်နိုင်ငံမှာလည်း ရောင်းချတော့မယ်လို့ သိရပါတယ်။
Samsung ဟာ LTE နဲ့ 3G variants တွေပါဝင်ပြီး အရောင်အနေနဲ့ Black နဲ့ Burgundy ဆိုပြီးရနိုင်မှာပါ။ ဟန်းဆက်ကို ဈေးနှုန်းဒေါ်လာ ၂၆၀နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
လုပ်ဆောင်ချက်တွေအနေနဲ့ Galaxy Folder 2 မှာ Snapdragon 425 SoC နဲ့ 3.8-inch display တွေပါဝင်မှာပါ။ 2GB RAM နဲ့ 16GB memory တွေပါဝင်မှာ ဖြစ်ပါတယ်။ 8MP main camera / 5MP front camera တွေ ပါဝင်မှာပါ။
Android Marshmallow 6.0.1 , 1950mAh ဘက်ထရီတွေနဲ့ ထွက်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
#technology.thithtoolwin.com
Ref: GSM Arena
0 comments:
Post a Comment