Powered by Blogger.

The Legend of Zelda: Breath of the Wild ရဲ့ ပထမဆုံး DLC Pack ကို ဇွန်လကုန်မှာ ထုတ်လုပ်မယ်





Nintendo ကတော့ ကုမ္ပဏီရဲ့ နာမည်ကျော် ဂိမ်းတစ်ခုဖြစ်တဲ့ The Legend of Zelda: Breath of the Wild ကို ပထမဆုံး ဒေါင်းလုဒ်ဆွဲနိုင်တဲ့ Pack အဖြစ်နဲ့ လာမယ့် ဇွန်လ ၃၀ရက်နေ့မှာ ထုတ်လုပ်ဖို့ ရှိနေပါတယ်။
ပထမဆုံး DLC Expansion မှာ Master Trials ပါဝင်မှာဖြစ်ပြီး ဒီအထဲမှာ Base Game ကိုမှ “Trial of The Sword” mode အပါအဝင် Addition ထည့်သွင်းထားတာတွေ ပါဝင်မှာပါ။ ဒီအထဲမှာ ကစားသမားတွေအနေနဲ့ ရန်သူတွေကို Wave တွေနဲ့ တိုက်ခိုက်ရမှာပါ။ Trial ပြီးသွားရင် Master Sword တွေလာမှာ ဖြစ်ပါတယ်။

Master Mode မှာ အလွန်ခက်ခဲတဲ့ အဆင့်တွေ ပါဝင်ပြီး အခက်အခဲတွေဟာ ရန်သူတွေကို ဂိမ်းထဲမှာ တဖြည်းဖြည်းချင်းအဆင့်မြှင့်သွားတဲ့ ပုံစံဖြစ်မှာပါ။
Nintendo ဟာ ဒုတိယမြောက် Breath of the Wild ဂိမ်း DLC Pack အတွက် Teaser လည်းထည့်ပေးခဲ့ပြီး ဒီအားလပ်ရက်မှာ “The Champions’ Ballad” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြန့်ချိသွားမှာပါ။

 

  Brucee


#technology.thithtoolwin.com

  Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment