Powered by Blogger.

LG G6 Plus ရဲ့ အချက်အလက်တွေကို LG စတင်မိတ်ဆက်


LG ကတော့ သူတို့ရဲ့ တရားဝင် Youtube Channel မှာ LG G6 Plus ရဲ့ စက္ကန့် ၃၀ စာ Teaser ဗီဒီယိုတစ်ခုကို ပြသသွားခဲ့ပြီး G6 Plus ဖုန်းရဲ့ ကိုယ်ထည်ကို အပြည့်အစုံ ပြသသွားခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ ဖုန်းရဲ့ အရောင်သစ်နှစ်မျိုးဖြစ်တဲ့ Marine Blue နဲ့ Terra Gold အရောင်တွေကို အဓိက ပြသသွားခဲ့ပြီး ဖုန်ဒဏ်နဲ့ ရေဒဏ်တွေကို ခံနိုင်ရည်ရှိတယ်ဆိုတာကိုလည်း Highlight ပြုလုပ်သွားခဲ့ပါတယ်။

ထွက်ရှိပြီးခဲ့တဲ့ G6 ဖုန်းထက် မျက်နှာပြင်ပိုကြီးလာပြီး အနည်းငယ် Upgrade တွေရှိထားခဲ့တဲ့ G6 ဖုန်းဟာ Snapdragon 835 ပရော်ဆက်ဆာကိုပဲ အသုံးပြုလာအုံးမှာဖြစ်ပြီး Internal Storage ကို 128 GB အထိ တိုးပေးလာမှာပါ။ လောလောဆယ်မှာတော့ ကိုးရိးယားနိုင်ငံပြင်ပကို ဖြန့်ချိမယ့်ဖုန်းတွေရဲ့ အသေးစိတ်ကို LG က ထုတ်ဖော်ထားခြင်းမရှိသေးပါဘူး။



Mocha

#technology.thithtoolwin.com

Ref : Technobuffalo
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment