Powered by Blogger.

Groups app ကို ရပ်တန့်တော့မယ့် Facebook



Facebook ရဲ့ Group app ကို ထပ်တွေ့ရတော့မှာ မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ မနေ့က ထုတ်ဖော်ချက်အရ iOS နဲ့ Android အသုံးပြုသူတွေဟာ လာမယ့် စက်တင်ဘာ ၁ရက်နေ့က စလို့ Log in လုပ်လို့ရတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ ဒါပေမယ့် အဲ့ဒီအစား Group Feature ကို Facebook mobile app နဲ့ browser တွေမှာပဲ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Facebook ဟာ Groups ကို အသုံးပြုတဲ့ Active Members စုစုပေါင်း ၁ဘီလီယံလောက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ Facebook က သူတို့အနေနဲ့ Gruoup တွေကို ချစ်ပါတယ်လို့ ပြောပြီးအခုလိုလုပ်လိုက်တာကတော့ သံသယ ဖြစ်စရာပါ။ “လူတွေကိုဆက်သွယ်ရေးမှာ ပိုပြီးခိုင်မာတောင့်တင်လားလာတဲ့ ကမ္ဘာဖြစ်ဖို့နဲ့ ပိုမိုနီးစပ်လာစေဖို့” လို့ Statement မှာ ဖော်ပြပါတယ်။

Brucee

#technology.thithtoolwin.com

Rer: the verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment