Powered by Blogger.

iPhone 8 ရဲ့ Wireless charging ထင်ထားတာထက် နှေးကွေးနိုင်



Apple ရဲ့ နောက်ထွက်မယ့် iPhone 8 မှာ wireless charging လုပ်ဆောင်ချက်ကို ထည့်သွင်းသွားတော့မှာပါ။ သတင်းဆိုးတစ်ခုကတာ့ iPhone 8 မှာတောင် wireless charging feature ကို ကန့်သတ်ထားမှာ ဖြစ်ကြောင်း သတင်းတွေထွက်နေတာပါ။

အဆိုးဆုံးသတင်းကတော့ Rumor တွေသာမှန်ခဲ့ရင် လက်ရှိထွက်ထားတဲ့ Wireless Standard ထက်တောင် အားသွင်းရာမှာ ပိုမိုနှေးကွေးဖို့ ရှိကြောင်း သိရပါတယ်။ ဂျပန်ဆိုက်တစ်ခုဖြစ်တဲ့ Mac Otakara က ထုတ်ဖော်ချက်အရ iPhone 8 fဟာ Qi wireless charging standard version 1.2 ကို ထည့်သွင်းသွားမှာပါ။

Qi 1.2 ရဲ့ power profile ဟာ ဖုန်းအားသွင်းရာမှာ 15 watt ဝင်မှာ ဖြစ်ပေမယ့် iPhone 8 မှာတော့ ဒီ Speed ရဲ့ ထက်ဝက်အနေအထားဖြစ်တဲ့ 7 watts ဒါမှမဟုတ် 5 V, 1.5 amp ပဲ ဝင်မှာ ဖြစ်ပါတယ်။ ဒါဟာဆိုရင် iPhone 8 ဟာ spec တွေထက် ပိုမိုနှေးကွေးစွာနဲ့ပဲ အားဝင်မှာ ဖြစ်ကြောင်း ဆိုကြပါတယ်။

Brucee

#technology.thithtoolwin.com

Ref: the verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment