Powered by Blogger.

ကြိုးမဲ့နားကြပ်ဈေးကွက်မှာ Apple မင်းမူနေ



Apple ရဲ့ AirPods ဟာ အမေရိကန်ပြည်ထောင်စုရဲ့ Wireless Earphones ဈေးကွက်ကို လွှမ်းမိုးထားတယ်လို့ သုတေသီတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက စတင်ထုတ်လုပ်ခဲ့တဲ့ AirPods တွေဟာ ကြိုးမဲ့နားကြပ်ရောင်းချရမှု ၉၀၀၀၀၀ ကျော်ရဲ့ ၈၅ရာခိုင်နှုန်းအထိ ဝေစုရယူထားနိုင်ခဲ့တာဖြစ်တယ်လို့ သုတေသနအုပ်စုတစ်ခုဖြစ်တဲ့ NPD Group က ဆိုပါတယ်။

Bluetooth Connection ရဲ့ အဆင့်ကို များစွာ မြှင့်မားသွားစေတဲ့ W1 Chip တွေကို အသုံးပြုခဲ့ခြင်းက Apple ရဲ့ အောင်မြင်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်စေခဲ့တာပါ။


  Brucee

 #technology.thithtoolwin.com

Ref: MacRumors

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment