Samsung Galaxy Note 8 ဖုန်းကို Initial အနေနဲ့ အရောင်လေးမျိုးနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ Midnight Black, Maple Gold, Orchid Grey နဲ့ Deep Sea Blue တို့ပါ။ ဒါပေမယ့် အရောင်အားလုံးကို နိုင်ငံတိုင်း မရသေးပါဘူး။
ယခုအခါမှတော့ Deep Sea Blue ဗား၇ှင်းကို Pre-Order အနေနဲ့ ဂျာမနီနိုင်ငံမှာ မှာယူနိုင်နေပြီဖြစ်ပြီး လက်ရှိမှာ Midnight Black နဲ့ Maple Gold ဗား၇ှင်းနှစ်မျိုးတည်းသာ ရနိုင်သေးတာပါ။
ဒေါ်လာ ၉၉၉ ရှိတဲ့ Deep Sea Ble ကို လာမယ့် အောက်တိုဘာလ ၂၆ရက်နေ့မှာ ရောင်းချသွားမှာဖြစ်ပါတယ်။ အဦးဆုံးအနေနဲ့ ဂျာမနီနိုင်ငံမှာ ရောင်းချသွားမှာ ဖြစ်ပေမယ့် မကြာခင်တခြား ဥရောပနိုင်ငံတွေကိုပါ ရောင်းချသွားနိုင်မယ်လို့ ဆိုပါတယ်။ တခြားတစ်ဖက်မှာလည်း မထုတ်လုပ်ရသေးတဲ့ Orchid Grey ဗား၇ှင်း ရှိနေပါသေးတယ်။ Samsung ရဲ့ အတည်ပြုချက်အရ ဒီအမျိုးအစားကိုတော့ ဥရောပမှာ ထုတ်လုပ်သွားမှာ မဟုတ်ကြောင်း သိရပါတယ်။
Bruce
#technology.thithtoolwin.com
Ref: GSMArena
0 comments:
Post a Comment