Powered by Blogger.

Order Food' လုပ်ဆောင်ချက်ကို အမေရိကန်နိုင်ငံမှာ တရားဝင် ကြေညာပေးလိုက်တဲ့ Facebook




Facebook ကတော့ လူမှုကွန်ယက်ဆိုတာကြီးထက် တစ်နေ့ထက်တစ်နေ့ ပိုမိုကျယ်ပြန့်လာပြီဖြစ်ပါတယ်။ Facebook အနေနဲ့တော့ လောလောဆယ်မှာ စားစရာတွေကို မှာယူသွားနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို ထည့်သွင်းပေးပြီး ဒါကိုတော့ အမေရိကန်မှာ တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Facebook ကတော့ delivery ဝန်ဆောင်မှု ကုမ္ပဏီတွေဖြစ်တဲ့  EatStreet, Delivery.com, DoorDash, ChowNow, Olo, Zuppler and Slice တို့နဲ့ချိတ်ဆက်ထားပြီး နာမည်ကျော် စားသောက်ဆိုင်တွေဖြစ်တဲ့  Jack in the Box, Five Guys, Papa John’s, Wingstop, TGI Friday's, Denny's, El Pollo Loco, Chipotle, Jimmy John's နဲ့ Panera တို့နဲ့လည်း ချိတ်ဆက်ကာ စားစရာ menu တွေကို တင်ထားပေးတာဖြစ်ပါတယ်။

Menu တစ်ခုစီကိုလည်း ဝေဖန်ချက်တွေ ရေးနိုင်မှာဖြစ်တာကြောင့် သင့်အနေနဲ့ သင့်အကြိုက်ဆုံး အစားအစာကို ဆုံးဖြတ်ရတာ ပိုကောင်းလာစေမှာပါ။

Order တွေကိုတော့ FB က အခုလို ချိတ်ဆက်ထားတဲ့ စားသောက်ဆိုင်တွေရဲ့ Page ကနေ တစ်ဆင့်မှာယူနိုင်မှာဖြစ်ပြီး Delivery ကိုပါ ထည့် ၊ မထည့်ကိုတော့ သင်ကိုယ်တိုင်ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Jackie

#technology.thithtoolwin.com

Ref: Tech Crunch
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment