Powered by Blogger.

အဖြူရောင် Pure White Model နဲ့ Essential Phone ကို ဝယ်ယူနိုင်ပြီ



မျက်နှာပြင်ပြည့်နဲ့ modular အပိုင်းတွေ ပါဝင်လို့ လူကြိုက်များခဲ့တဲ့ Essential ဖုန်းရဲ့ အရောင်လေးရောင်မှာ ပါဝင်လာတဲ့ အဖြူရောင်ဗားရှင်းကလည်း တရားဝင်ထွက်ရှိလာပြီဖြစ်ပါတယ်။

Essential Phone ကို Android ဖန်တီးသူ Andy Rubin က တီထွင်ထားတာ ဖြစ်ပြီး ၅.၇၁ လက်မ 2560x1312p Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 835 Chipset ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP Camera ၂ လုံးတပ်ဆင်ထားပြီး တစ်လုံးမှာ Color နဲ့ နောက်တစ်လုံးမှာ Monochrome ကို ထောက်ပံထားတာပါ။

 Selfie Camera ကတော့ 8MP ပါဝင်တာပါ။ 4GB RAM, 128GB Storage, 3040mAh Battery ကို အသုံးပြုထားပါတယ်။ Android Nougat နဲ့ OS run ထားပြီး ဝယ်ယူမယ်ဆိုရင်တော့ မြန်မယငွေ ဆယ်သိန်းဝန်းကျင် ကျသင့်နိုင်တယ်လို့ သိရပါတယ်။


Jackie

#technology.thithtoolwin.com

Ref: Android Authority
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment