Powered by Blogger.

၂၀၁၈ခုနှစ်မှာ ဒုတိယမြောက် AirPods မျိုးဆက်တွေကို Apple ထုတ်လုပ်မည်



Apple ရဲ့ ဒုတိယမြောက်မျိုးဆက် AirPods ဟာ ဒီနှစ်ခရစ္စမတ်မှာ အလိုချင်ဆုံး ပစ္စည်းဖြစ်နေပါတယ်။ Ming-Chi Kuo ရဲ့ KGI Securities ရဲ့ ပြောကြားချက်အရ Apple ဟာ လက်ရှိမှာ ဝယ်လိုအားများနေတဲ့ပစ္စည်းကို နောက်ထပ် ထုတ်လုပ်ဖို့အတွက် စီစဉ်နေတာ ဖြစ်တယ်လို့ MacRumours က Kuo ရဲ့ ပြောကြားချက်ကို ပြန်လည် ပြောခဲ့တာပါ။

“ပြီးခဲ့တဲ့ရက်တွေတုန်းက သတင်းတွေအရ AirPods တွေဟာ ဒီအားလပ်ရက်မှာ ရောင်းအားကောင်းနေတဲ့ ပစ္စည်းတွေဖြစ်ပါတယ်”

“ပိုမိုသေးငယ်တဲ့ အစိတ်အပိုင်းတွေနဲ့” အတူအတွင်းပိုင်းပြောင်းလဲမှုအချို့ကို နောက်ထွက်မယ့် AirPods တွေမှာ တွေ့ရနိုင်မှာ ဖြစ်ကြောင်း Kuo က ဖော်ပြခဲ့တာပါ။

 နောက်ထွက်မယ့် AirPods မျိုးဆက်သစ်တွေကိုလည်း လက်ရှိမျိုးဆက်တွေကို ထုတ်လုပ်နေတဲ့ Inventec က ဆက်လက်ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သူက အတည်ပြုခဲ့ပါသေးတယ်။

  Bruce

 #technology.thithtoolwin.com

 Ref: TNW

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment