Powered by Blogger.

Netflix ရဲ့ HDR ထောက်ပံ့မှုကို Windows 10 မှာ စတင်ရရှိ



Netflix ဟာ လက်ရှိမှာ Windows 10 ပလက်ဖောင်အတွက် HDR ကို support လုပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အသုံးပြုသူတွေဟာ ယခုအခါ Netflix ရဲ့ ကြီးမားလာတဲ့ HDR content တွေကို ဝင်ရောက်နိုင်ပြီဖြစ်ပြီး HDR မော်နီတာ၊ ဒါမှမဟုတ် TV တွေနဲ့ ချိတ်ဆက်ကြည့်ရှုနိုင်မှာပါ။

4K တောင် Support လုပ်နိုင်တဲ့ Windows 10 မှာ HDR ထောက်ပံ့နိုင်မှုဟာ အတော်သင့်လျှော်တယ်လို့ ပြောနိုင်ပြီး သင့်အနေနဲ့ Netflix ရဲ့ HDR Content တွေကိုကြည့်နိုင်ဖို့ HDR Plan နဲ့ ချိတ်ထားနိုင်ဖို့ လိုပါတယ်။ 4K လိုပဲ သင့်အနေနဲ့ HDR content တွေ ကြည့်နိုင်ဖို့ Microsoft Edge browser ဒါမှမဟုတ် Netflix app ကိုထည့်သွင်းထားဖို့လိုပါတယ်။ HDR display ဖြစ်ဖို့လည်းလိုပါတယ်။

Netflix ဟာလက်ရှိ HDR content အနေနဲ့ နာရီ ၂၀၀ စာရှိပြီး Stranger Things, Daredevil, Chef’s Table, Star Trek Discovery, Mindhunter, Marco Polo တို့လို ပေါ်ပျူလာဖြစ်တဲ့ ရှိုးတွေ ပါဝင်ပါတယ်။


  Bruce

 #technology.thithtoolwin.com

  Ref:GSMArena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment