Powered by Blogger.

PUBG ဗားရှင်း 1.0 မှာ ကစားသူပေါင်း သန်း ၃၀ ကျော်ရှိ



ဒီနေ့မှာ တိုက်ပွဲဂိမ်းတစ်ခုဖြစ်တဲ့ Playerunknown’s Battlegrounds ရဲ့ ဗားရှင်း 1.0 ကတော့ မိုင်တိုင်တစ်ခုကို ကျော်ဖြတ်ခဲ့ပါပြီ။ PUBG ကို တီထွင်ခဲ့တဲ့ PUBG Corp., ရဲ့ ထုတ်ဖော်ချက်အရ ဂိမ်းဟာ PC ကနေရော အသစ်ထွက်တဲ့ Xbox One ဗားရှင်းကနေပါ ဆော့ကစားသူစုစုပေါင်း သန်း ၃၀ ကျော်သွားပြီဖြစ်ပါတယ်။

ဂိမ်းရောင်းအားဟာ ပြီးခဲ့တဲ့ တစ်လအတွင်းမှာတင် လျှင်လျှင်မြန်မြန်ပဲ တိုးတက်လာခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ဒီအရေအတွက်ကို ရောက်ရှိခဲ့တာဟာ Blizzard ရဲ့ multiplayer shooter ဂိမ်း Overwatch ရဲ့ ထုတ်လုပ်ပြီး ၁၁လအကြာ သန်း ၃၀ အထိ ကစားသူများပြားခဲ့တဲ့ စံချိန်ကို ချိုးဖျက်ခဲ့တာပါ။

PUBG ဟာ လက်ရှိမှာ Instant Reply နဲ့ kill-cam တို့လို Feature အသစ်တွေနဲ့အတူ Second Map တစ်ခုကိုလည်း ထည့်သွင်းလာခဲ့ပါတယ်။
   
     
     Bruce

     #technology.thithtoolwin.com

      Ref: The Verge






Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment