Powered by Blogger.

AI နည်းပညာနဲ့ စွမ်းဆောင်ရည်ကို နှစ်ဆမြှင့်တင်ပေးနိုင်လာတဲ့ Samsung Exynos 9810 ပရော်ဆက်ဆာ



Samsung ကတော့ သူတို့ရဲ့ မျိုးဆက်သစ်စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ပရော်ဆက်ဆာ  Exynos 9810 ကို ထုတ်ဖော် ပြသလိုက်ပြီဖြစ်ပြီး စွမ်းဆောင်ရည်အမြန်နှုန်းပိုကောင်းလာပြီး AI ကို ပိုမိုပြီး အသားပေးလုပ်ဆောင်ပေးနိုင်လာမယ်လို့ သိရပါတယ်။

Exynos 9810 ကိုတော့ CPU cores သုံးဆက်မြောက်မျိုးဆက်တွေ ထည့်သွင်းအသုံးပြုထားပြီး 2.9 GHz အထိ အမြန်နှုန်းရရှိမယ်လို့ သိရပါတယ်။ Single Core တစ်ခုစီမှာတော့ နှစ်ဆအထိ စွမ်းဆောင်ရည်ပိုမြန်လာမှာဖြစ်ပြီး multicore မှာ ၄၀ ရာနှုန်းနဲ့ graphics အတွက်ကတော့ ၂၀ ရာနှုန်းအထိ စွမ်းဆောင်ရည်ပိုကောင်းလာမယ်လို့ သိရပါတယ်။

AI processing ကတော့  1.2 Gbps LTE နဲ့ 120 fps 4K video recording အထိ ထောက်ပံ့ပေးနိုင်လာမှာဖြစ်ပါတယ်။ cache memory ပိုကြီးလာပြီး ဒီလိုစွမ်းဆောင်ရည်မိုက်တဲ့ ပရော်ဆက်ဆာကတော့ Snapdragon 845 ပရော်ဆက်ဆာ ၊ Kirin 970 ပရော်ဆက်ဆာတွေကို ကောင်းကောင်း ယှဉ်ပြိုင်သွားတော့မှာပါ။

Arm ဆီက နည်းပညာအတော်များများကို အသုံးပြုထားတဲ့ ဒီပရော်ဆက်ဆာမှာတော့ Arm ရဲ့  Mali-G72 နည်းပညာကို GPU မှာ အသုံးပြုထားပြီး ကောင်းမွန်တဲ့ရလဒ်တွေကို ရယူနိုင်ဖို့အတွက် Samsung ကုမ္ပဏီက မျှော်လင့်လျက်ရှိနေပါတယ်။


Beauty

#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment