Powered by Blogger.

Nintendo Switch ကို ကိုးလအတွင်း အလုံးရေ ၁၀သန်းကျော် ရောင်းချခဲ့ရ


Switch ရဲ့ ရောင်းအားဟာ ဆက်လက်ခိုင်မာနေဆဲ ဖြစ်ပြီး ကုမ္ပဏီရဲ့ ဒီနေ့မှာ ထုတ်ပြန်ချက်အရ Console ကို တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ကိုးလအတွင်း အလုံးရေ ၁၀သန်းကျော် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ဒါဟာဆိုရင် စက်တင်ဘာလတုန်းကရောင်းချခဲ့ရတဲ့ ၇.၆၃ သန်းကနေ အလျှင်အမြန်တိုးတက်လာတာလည်း ဖြစ်ပါတယ်။

ဒေါ်လာ ၃၀၀တန် Switch ကိုပြီးခဲ့တဲ့ နွေဦးတုန်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီဘဏ္ဍာရေးနှစ်ကုန်ဖြစ်တဲ့ ၂၀၁၈ခုနှစ် မတ်လမှာ အလုံးရေ ၁၄သန်းအထိ ရောင်းချနိုင်ဖို့ Nintendo ကမျှော်လင့်နေပါတယ်။ ခန့်မှန်းထုတ်လုပ်မှုနှုန်းရေကို အလုံးရေ ၁၀သန်းကနေ ၁၄သန်းအထိ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တိုးမြှင့်ခဲ့တာပါ။ ဒါဟာဆိုရင် Switch ဟာ ကုမ္ပဏီရဲ့သမိုင်းမှာ ရောင်းအားအကောင်းဆုံးအဖြစ် ၁၂လအတွင်း Wii U ကိုကျော်ဖြတ်သွားခဲ့တာပါ။ (Wii U ဟာ ငါးနှစ်အတွင်း ၁၃.၆သန်းရောင်းခဲ့ရ)
Switch ဟာ Nintendo ရဲ့ ရောင်းအားအကောင်းဆုံးအဖြစ် အချိန်တိုအတွင်းမှာ စံချိန်တင်သွားဖို့လည်း ရှိနေတာပါ။

ဒီလိုရောင်းအားကောင်းခဲ့တာဟာ ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ အဓိက ဂိမ်းသုံးမျိုးဖြစ်တဲ့ Super Mario Odyssey, Mario Kart 8 Deluxe, နဲ့ The Legend of Zelda: Breath of the Wild တို့လို အဓိက ဂိမ်းတွေရဲ့ ရောင်းအားကလည်း ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုသလို မှီခိုခဲ့တာလည်း တွေ့ရပါတယ်။ Switch ပိုင်ရှင်တွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ ဂိမ်းတွေကိုဝယ်ယူခဲ့ကြတာပါ။

Bruce

#technology.thithtoolwin.com

Ref: metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment