Powered by Blogger.

ဖန်သားပြင်အောက် လက်ဗွေစနစ်ကို ပထမဆုံးအနေနဲ့ ပြသလိုက်တဲ့ Vivo



CES 2018 ပွဲမှာတော့ တရုတ်ကုမ္ပဏီ Vivo က ဖုန်းရဲ့ ဖန်သားမျက်နှာပြင်အောက်မှာ မြှုပ်နှံထားတဲ့
in-screen လက်ဗွေဆန်ဆာစနစ်ကို ရှေ့ပြေးနည်းပညာတစ်ရပ်အနေနဲ့ ပြသလိုက်ပါတယ်။

အခုလို ဖန်သားပြင်အောက်မှာ မြှုပ်နှံနိုင်လိုက်တာကတော့ ဖုန်းတွေမှာ နေရာတစ်ခုယူနေတဲ့ လက်ဗွေဆန်ဆာကိုနေရာသိပ်ပေးစရာမလိုတော့ဘဲ ဖုန်းရဲ့ ဒီဇိုင်းပိုင်းက ပိုပြီး သပ်သပ်ရပ်ရပ်ဖြစ်လာမှာပါ။ အခုအချိန်ကတော့ ဘောင်ပျောက် Display တွေ ခေတ်ထနေတာကြောင့် ဖုန်းတွေဟာ လက်ဗွေဆန်ဆာအတွက် ဖုန်းရဲ့ နောက်ကျောမှာ နေရာတစ်ခုပေးထားရတာပါ။

ဒီလိုမျက်နှာပြင်ကြောင့် နောက်ကျောမှာ နေရာပေးလိုက်ရတဲ့ဖုန်းတွေကတော့  Google Pixel 2, Samsung Galaxy S8 နဲ့ OnePlus 5T တို့ဖြစ်ပြီး iPhone X မှာတော့ လက်ဗွေဆန်ဆာ မပါဝင်လာတော့ဘဲ Facial Recognition နည်းပညာ ပါဝင်လာတာကို တွေ့ရပါတယ်။

Qualcomm ကတော့ ဒီနည်းပညာကို စမ်းသပ်နေကြောင်း သတင်းတွေ ပြီးခဲ့တဲ့နှစ် ဇွန်လက ထွက်ပေါ်လာခဲ့ပြီးVivo က ဒီနည်းပညာရဲ့ ကနဦးဖော်ဆောင်သူအဖြစ် အခုလိုပဲ ကြေညာလိုက်တာဖြစ်ပါတယ်။


Beauty

#technology.thithtoolwin.com

Ref : Android Auth
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment