Powered by Blogger.

မြောက်ကိုရီးယားရဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေကို ကာကွယ်ရန် အတွက် အမေရိကန် က တရုတ်ကို မဟာမိတ် ဖြစ်စေလို

အမေရိကန် ပြည်ထောင်စုဟာ သူ့ရဲ့ ဒစ်ဂျစ်တယ် တိုက်ပွဲမှာ တရုတ် ကို မဟာမိတ်အဖြစ် စည်းရုံးဖို့ ဆန္ဒရှိနေပါတယ်။
လက်ရှိ အမေရိကန် ပြည်ထောင်စုဟာ Sony Picture hack လုပ်ခံရမှု ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်ချက်ဖြစ်တယ်လို့ ယုံကြည်ထားသလို ထိုကဲ့သို့ ဆိုင်ဘာတိုက်ခိုက်မှု မျိုးအား တားဆီး ကာကွယ်နိုင်ရန် တရုတ်နိုင်ငံ ကို အမေရိကန် အစိုးရ က အကူအညီတောင်းထားတယ်လို့ AP သတင်းဋ္ဌာန နဲ့ NewYork Times သတင်းဋ္ဌာနတွေရဲ့ အခိုင်အမာဖော်ပြချက်တွေအရ သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံက တော့ ထို ဆိုင်ဘာတိုက်ခိုက်မှုတွေဟာ မဖြစ်သင့်ကြောင်းကို သာ သဘောတူခဲ့ပြီး  အကူအညီပေးဖို့နဲ့ ပတ်သက်ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။
ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုကတော့ မြောက်ကိုရီး ခေါင်းဆောင်တွေရဲ့ ဘဏ္ဍငွေနဲ့ ပတ်သက်ပြီး ပိတ်ဆို့မှုတွေ ပြုလုပ်ရန် စီစဉ်နေသလို မြောက်ကိုရီးယားရဲ့ ဆက်သွယ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ ကွန်ရက်တွေကို အင်တာနက်တိုက်ခိုက်မှုနဲ့ တုံပြန်ဖို့ စီစဉ်နေပါတယ်။

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment