Powered by Blogger.

စစ်ဘက်ဆိုင်ရာသုံး အီလက်ထရောနစ် သစ်သား ကား





ကော်ဖီ စားပွဲ တစ်လုံးတည်ဆောင်ရတာ ပီတိ ဖြစ်ရတယ်လို့ ဆိုနိုင်ပေမယ့်လည်း Liu Fulong ဆိုသူ ရဲ့ လုပ်ရပ်ကိုကြည့်ပြီး ပို ပီတိဖြစ်စရာပါ။
တရုတ် လူမျိုးတစ်ယောက်ဖြစ်တဲ့ Liu Fulong ဟာသူ့ရဲ့ အီလက်ထရစ် ကားတစ်စီးကို မော်တော်ကား ဒီဇိုင်းကနေခွဲထွက်ပြီး ၄ လကြာတည်ဆောက်ခဲ့ပါတယ်။ ဖော်ပြပါ ဓါတ်ပုံ အတိုင်းပဲ သူ့ရဲ့ အီလက်ထရောနစ် ကားကို သစ်သား ကိုယ်ထည်နဲ့ တည်ဆောက် ထားပါတယ်။
စစ်ဘက်ဆိုင်ရာသုံး ကား ပုံစံ ပေါက်အောင် အမြှောက်များဖြင့် အလှဆင်ထားပေမယ့် ထို အမြှောက်တွေက တစ်ကယ်တော့ အလှကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ကားဟာ တစ်နာရီကို မိုင် ၃၀ အထိ သွားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Liu Fulong ဟာ မီးသီးတွေ ၊ မှန်တွေ ၊ စပယ်ယာ တာယာ တွေကိုပါ ထည့်သွင်း ထားပါသေးတယ်။
ဒီကားဟာ ဘယ်လောက်ထိ လုံခြူံစိတ်ချရတယ်ဆိုတာ မပြောနိုင်ပေမယ့်လည်း သင်ဟာ စီးပွားဖြစ် အီလက်ထရောနစ် ကား တစ်စီး ကိုတည်ဆောက်ဖို့အတွက် ချမ်းသာ ကြွယ်ဝမှုတွေ မလိုအပ်ဘူးဆိုတာကိုတော့ Liu Fulong က ပြသ နိုင်ခဲ့ပါတယ်။
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment