ပိတ်သိမ်းလိုက်တဲ့ Westfield Shopping Center မှ Samsung စတိုးဆိုင် |
Samsung ဟာ သူ့ရဲ့ ဥရောပမှာ အကြီးဆုံး ဈေးဝယ်စင်တာတွေထဲကတစ်ခုမှာ ဖွင့်လှစ်ထားတဲ့ လူသိများ တဲ့ စတိုးတစ်ခုကို ပိတ်သိမ်းလိုက်ပါတယ်။
လန်ဒန်မြို့၊ ၀က်စ်ဖီး စတရတ်ဖို့ဒ် စီးတီး က ထို Samsung စတိုးဟာ လက်လီ ၊ လက္ကား လည်းရောင်းချပြီး Galaxy S4 နဲ့ Galaxy S5 တို့လို ထုတ်ကုန် အသစ်တွေကိုလည်း ပထမ ဆုံးဝယ်ယူရရှိနီုင်ခဲ့တဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။
လန်ဒန်မြို့၊ ၀က်စ်ဖီး စတရတ်ဖို့ဒ် စီးတီး က ထို Samsung စတိုး ကို ပိတ်လိုက်ပြီးတဲ့နောက် ဗြိတိန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဆိုင် ၉ ဆိုင်ကျန်ရှိနေသေးပြီး ထိုတစ်ဆိုင်ကို ပိတ်လိုက်ခြင်းအားဖြင့် ၀ယ်ယူသူတွေအတွက် အခက်အခဲမဖြစ်စေနိုင်ဘူးလို့ ယုံကြည်ကြောင်း Samsung တာဝန်ရှိသူများက ပြောပါတယ်။
ဒီနှစ် အစောပိုင်းမှာကတည်းက Samsung ဟာ လူသိများတဲ့ Carphone Warehouse နဲ့ Phones 4U လုပ်ငန်းများနဲပ ပူးပေါင်းပြီး ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေမှာ စတိုးဆိုင် အမြောက်အများကို ဖွင့်လှစ်သွားဖို့ စီစဉ်နေကြောင်းကိုလည်း ကြေညာထားပါတယ်။
0 comments:
Post a Comment