Powered by Blogger.

စမတ်ဖုန်းလောက မှာ ပိုမို တိုးတက် ကျယ်ပြန့်လာတဲ့ Huawei


Huawei နည်းပညာ လုပ်ငန်းဟာ စမတ်ဖုန်းလောက မှာ ပိုမို တိုးတက် ကျယ်ပြန့်လာပါပြီ။ ၂၀၁၄ မှာတော့ Huawei ဟာ စမတ်ဖုန်း ထုတ်လုပ်မှုကနေ ဒေါ်လာ ၁၁.၈ ဘီလီယံ ခန့်အထိရရှိခဲ့တယ်လို့ Reuters နဲ့ Wall Street Journal တို့ ဖော်ပြခဲ့ကြပါတယ်။
Huawei ရဲ့ စီးပွားရေးဆိုင်ရာ အကြီးအကဲ ဖြစ်တဲ့ Richard Yu ရဲ့ ပြောကြားချက်အရလည်း Huawei ဟာ ၂၀၁၄ မှာ စမတ်ဖုန်း အလုံးရေ ၇၅ သန်းခန့် တင်ပို့ရောင်းချခဲ့ရပြီး ဒါဟာ အရင်နှစ်ကထက် ၄၀ ရာခိုင်နှုန်းတိတိ မြင့်တက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။
၂၀၁၅ မှာတော့ Huawei စာ စမတ်ဖုန်းအလုံးရေ သန်း ၈၀ အထိ တင်ပို့ရောင်းချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း Reuters သတင်းဌာနကဖော်ပြခဲ့ပါတယ်။ Huawei ရဲ့ အဓိက ဈေးကွက်ကတော့ တရုတ်နိုင်ငံ မှာပဲဖြစ်ပါတယ်။
 မိခင်ဒေသ အပြင် အခြား ရောင်းအားကောင်းခဲ့တဲ့ ဈေးကွက်တွေကတော့ အရှေ့အလယ်ပိုင်း ၊ မြောက် လက်တက်အမေရိက နဲ့ အရှေ့တောင်အာရှ တို့ပဲဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု မှာတော့ Huawei ဟာ ၆ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင် နဲ့ Octa-core processor ပါဝင်တဲ့ စမတ်ဖုန်းဖြစ်တဲ့ Ascend Mate 7 ကို အဓိက ရောင်းချ ခဲ့တယ်လို့လည်းသိရပါတယ်။
 လက်ရှိ စမတ်ဖုန်းလောက ရဲ့ ထိပ်ဆုံး ကုမ္မဏီ ၅ ခုထဲမှာတော့ Apple နဲ့ Samsung က ဦးဆောင်နေပေမယ့် Huawei က Lenovo နဲ့ Xiaomi တို့လို ရောင်းအားကောင်းတဲ့ စမတ်ဖုန်း ကုမ္မဏီတွေကိုဖြတ်ကျော်ခဲ့ပြီး တတိယ နေရာမှာ ရပ်တည်နေနိုင်ခဲ့ပါတယ်။

 Credit : http://www.cnet.com/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment