Powered by Blogger.

Android အတွက် Microsoft ရဲ့ Office App များ တရားဝင် ထွက်ရှိ


Microsoft ဟာ Android အတွက် သူ့ရဲ့ Office app တွေ အကြောင်းပြောကြားပြီး တစ်ပတ်အကြာမှာပဲ ထို app တွေ ဟာ Google Play စတိုးကို တရားဝင် ရောက်ရှိလာပါပြီ။ ထို Office app ထဲမှာတော့ Word , Excel နဲ့ Powerpoint တို့ကို Android စနစ်သုံး  တွေမှာ tablet အသုံးပြုနိုင်ရန် ရေးဆွဲထားတယ်လို့ သိရပါတယ်။
သို့သော်လည်း ထို app တွေ ကို ဒေါင်းလုဒ် ပြုလုပ်ဖို့အတွက် ၇ လက်မ နှင့်အထက် မျက်နှာပြင် ကျယ်ဝန်းတဲ့ tablet  ဖြစ်ရန်လိုအပ်ပြီး Android 4.4 KitKat  စနစ် နဲ့ ပိုမြင့်တဲ့ စနစ်ရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် ARM-Based Processor တစ်ခုနဲ့ 1GB  အထက် RAM တစ်ခုလည်း ရှိဖို့ လိုအပ်မယ်လို့ သိရပါတယ်။
ထို app တွေကို စတင်သုံးဖို့အတွက် Microsoft အကောင့် တစ်ခု Sign Up လုပ်ရမှာ ဖြစ်ပြီး document တွေကို ထို app တွေ ထဲမှာ တည်းဖြတ်ခြင်း ၊ သိမ်းဆည်းခြင်း နဲ့ ပရင့် ထုတ်ခြင်း တို့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ထို app ကိုတော့ အခမဲ့ ဒေါင်းလုဒ် ပြုလုပ်နိုင်မယ်လို့လည်း သိရပါတယ်။
ထို Office app တွေ အားလုံးမှာ တူညီတဲ့ Home Screen တွေရှိကြပြီး Windows စနစ်မှာ ကဲ့သို့ပင် အလွယ်တကူ သုံးစွဲ နိုင်မှာ ဖြစ်ပြီး ဖိုင်တွေကို သိမ်းဆည်းလိုပါက သင့်ရဲ့ ကိရိယာ ထဲမှာဖြစ်စေ Microsoft One Drive အကောင့်ထဲမှာ ဖြစ်စေ Dropbox ထဲမှာ ဖြစ်စေ သိမ်းဆည်း ထားနိုင်မှာပါ။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment