Powered by Blogger.

ထပ်မံ ထွက်ရှိဖို့ စီစဉ်ထားတဲ့ HTC One M9 ရဲ့ပုံစံ အကြမ်းတွေထွက်ပေါ်လာ


HTC ရဲ့ ထပ်မံ ထွက်ရှိဖို့ စီစဉ်ထားတဲ့ One M9 စမတ်ဖုန်း ဟာ ဆိုက်ဇ် ၂ မျိုး နဲ့ ဖြစ်ပြီး ပုံစံ အကြမ်းတွေ ထွက်ပေါ်လာပါတယ်။ ထိုဖုန်း ၂ လုံး ရဲ့ ဆိုက်ဇ်ဟာ အနည်းငယ် ကွဲပြားပြီး HTC ရဲ့ လက်ရှိ ထုတ်လုပ် ပြီး သား ဖုန်းတွေနဲ့ လုံးဝမတူညီပဲ ကွဲပြားနေတယ်လို့ ဆိုပါတယ်။ 
HTC ရဲ့ အောင်မြင်မှု အရရှိခဲ့ဆုံး One M8 ထက်ပင် သာလွန်တဲ့ လုပ်ဆောင် ချက်တွေ ပါဝင်နေ တယ် လို့လည်း ဆိုပါတယ်။ ထိုဆိုက်ဇ် ၂ မျိုး နဲ့ ဖုန်း ၂ လုံး စလုံးဟာ အနည်းငယ် ကွေးထားတဲ့ ပုံစံ နဲ့ အရှေ့ စပီကာ တွေပါဝင်ပြီး  ကြီးမားတဲ့ အရှေ့ကင်မရာလည်း  ပါဝင်လာပါတယ်။ Pixel  လည်းပိုမိုများ  ပြားလာတယ် လို့ သိရပါတယ်။ 
အရင်ထုတ်လုပ်ဖူးတဲ့ ဖုန်းများထက်လည်း ပိုမို ပါးလွှာပြီး Galaxy S5 နဲ့ စတိုင်ဆင်တူမယ့် Home ခလုတ် လည်း ပါဝင်မယ်လို့ သိရပါတယ်။ HTC ရဲ့ ရှေ့နေတွေကတော့ ဒီဖုန်းထွက်လာရင် Samsung ကုမ္ပဏီ အနေနဲ့ ဒေါသမထွက်ဖို့ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။
အခု ထွက်ရှိလာတဲ့ HTC ဖုန်းအသစ်တွေဟာ ပုံစံကြမ်းသာ ဖြစ်ပြီး ထိုဖုန်းအသစ် တွေရဲ့အသေးစိတ် အချက်အလက် တွေကို မတ်လ ၁ရက် နေ့မှာ ပြုလုပ်မယ့်  HTC ရဲ့ မီဒီယာတွေ့ဆုံပွဲမှာ သိရမယ်လို့ ဆိုထားပါတယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment