Powered by Blogger.

နားမကြားသူတွေ အတွက် တစ်ဖက်လူ ပြောဆိုချင်တာကို ခံစားသိရှိစေနိုင်မယ့် ကိရိယာ


သိပ္ပံပညာရှင်တွေ အားလုံးဟာ ပြသနာ တစ်ခုခုကိုဖြေရှင်းဖို့ရည်ရွယ်ပြီး သူတို့ရဲ့ တီထွင်ဖန်တီးမှုတွေကိုလုပ်ကြပါတယ်။ ဒါပေမယ့်လည်းအခုထိ ဖြေရှင်းနေရဆဲ ပြသနာတွေကတော့ မသန်စွမ်းတွေအတွက် ကိရိယာတွေ တီထွင်ဖို့ပါ။ ဒါကိုလည်း ပြီးခဲ့တဲ့ လ အနည်းငယ်ကပဲ မျက်မမြင်တွေ ပတ်ဝန်းကျင်ကို ခံစားလို့ရမယ့် ကိရိယာတွေ ၊ ခြေထောက်မသန်သူတွေ ဘောလုံးကစားနိုင်မယ့် ကိရိယာ တွေကို တီထွင်ခဲ့ပြီးပါပြီ။
 အခုလည်း ကော်လိုရာဒို ပြည်နယ် တက္ကသိုလ်က သုတေသီ တွေ ဟာ နားမကြားသူတွေ အသုံးပြုနိုင်မယ့် ကိရိယာ တစ်မျိုးကိုတီထွင်လိုက်ပါပြီ။ ဒီ ကိရိယာဟာ နားမကြားသူတွေ နားပြန်ကောင်းလာ စေနိုင်တာမျိုးမဟုတ်ပါဘူး။ မျက်မမြင်တွေအသုံးပြုတဲ့ စာဖတ်ကိရိယာ(Braille) လို အမှတ်အသား တစ်ခုပါ။ ဒီကိရိယာဟာ နားမကြားသူတွေအတွက် လျှာပေါ်တင်ပြီးတို့ထိမှုနဲ့ တစ်ဖက်လူ ပြောဆိုချင်တာကို ခံစားသိရှိမှာပါ။
 ထိုကိရိယာဟာ ဘလူးတုသ် မိုက်ကရိုဖုန်းနဲ့တွဲဖက်ထားပြီး တစ်ဖက်လူက ထို ဘလူးတုသ် မိုက်ကရိုဖုန်းထဲကို ပြောဆိုချင်တဲ့ စကားတွေပြောလိုက်ရုံနဲ့ ထိုကိရိယာက အလိုလျောက်ဘာသာပြန်ပြီး သတ်မှတ် တုန်ခါမှုတွေကို နားမကြားသူတွေရဲ့ လျှာပေါ်ကို ပို့လွှတ်ပေးမှာဖြစ်ပါတယ်။ နားမကြားသူတွေ အတွက် အားစိုက်ရမယ့် အရာကတော့ ထိုတုန်ခါမှုတွေရဲ့ အဓိပ္ပာယ်ကို မှတ်သားထားဖို့ပါပဲ။ ထို ကိရိယာ ထုတ်လုပ်မှု စီမံကိန်းကိုတော့ ပါမောက္ခ John Williams က ဦးဆောင်ခဲ့ပါတယ်။


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment