Powered by Blogger.

Damon Hellandbrand လို့ခေါ်တဲ့ အနုပညာရှင်က ရာသီခွင် သင်္ကေတများကို မကောင်းဆိုးဝါးပုံများအဖြစ်သို့ ပြောင်းလဲ


Damon Hellandbrand သည် ၁၂ရာသီခွင် သင်္ကေတများကို ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးများအသွင် ပြောင်း၍ စိတ်ကူးပုံဖော်ကာ ရေးဆွဲခဲ့သည့် ပုံများသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့လျက်ရှိနေပါတယ်။
Hellandbrand သည် သူ့အနေဖြင့် သူဝါသနာပါသည့် Anatomy နှင့်ပေါင်းစပ်၍ လူတိုင်းနဲ့ ဆက်နွယ်နေတဲ့ ပုံမျိုးတွေကို ဖန်တီးချင်ခဲ့ကြောင်း news.com.au ကို ပြောကြားခဲ့ပါတယ် လူတိုင်းနဲ့ နီးစပ်တဲ့ ဘာသာရပ်နဲ့ ပေါင်းစပ်ပြီး ကျွန်တော့်ရဲ့အတွေးအခေါ်ကို စမ်းသပ်တဲ့အနေနဲ့ ဒီပုံတွေကို ဖန်တီးခဲ့တာဖြစ်ပါတယ်။
 Anatomy နဲ့ ပတ်သတ်လို့ ကျွန်တော့မှာ Fan တွေအများကြီးရှိတာကြောင့် မျိုးဆက်အကောင်တွေပုံကို မိတ်ဆက်ပေးလိုက်တာပါလို့လဲ သူကပြောခဲ့ပါသေးတယ်။ သူအနေနဲ့ ခြင်္သေ့ပုံ သင်္ကေတ ဖြစ်တဲ့ Leo နဲ့ ကင်းမြီးကောက် သင်္ကေတဖြစ်တဲ့ Scorpio စတဲ့ ရာသီခွင်တွေကို သဘောကျနှစ်သက်လွန်းတာကြောင့် လူမျိုးစိတ်နဲ့ ပေါင်းကြည့်ရင် ဘယ်လိုဖြစ်လာမယ် ဆိုပြီး စိတ်ကူးယဉ် သရုပ်ဖော် ခဲ့တာဖြစ်ပါတယ်။ 
ဒီမျိုးစိတ်တွေ သင်္ကေတတွေနဲ့ ပတ်သတ်ပြီး ကျွန်တော် သေချာ လေ့လာပြီး သုတေသန လုပ်ခဲ့တာ မဟုတ် ပါဘူး။ သူတို့ရဲ့  အသွင်အပြင်ပေါ်မူတည်ပြီး အာရုံစိုက်ပြီး ရေးဆွဲခဲ့တာပါလို့လဲ ပြောခဲ့ပါသေးတယ်။ 


Credit : http://www.news.com.au
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment