Powered by Blogger.

ပျောက်ဆုံးနေသောကလေးများအတွက် သတ်မှတ်ဧရိယာအတွင်း သတိပေးအချက်ပြမယ့် နည်းစနစ်သစ်ကို Facebook တီထွင်


ပြန်ပေးဆွဲ ခံရ၍ ဖြစ်စေ မည်သည့်အကြောင်းကြောင့် မဆို ပျောက်ဆုံးနေတဲ့ ကလေးများနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို သတ်မှတ်ဧရိယာအတွင်းရှိ Facebook အသုံးပြုသူများထံသို့ Facebook မှ အချက်ပေး အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။
Facebook ၏ တာဝန်ရှိ မန်နေဂျာတစ်ဦးဖြစ်သည့် Emily Vacher က ပေးပို့မည့် အသိပေး အချက်ပြမှုတွင်  ပျောက်ဆုံးနေသည့် ကလေးငယ်များနှင့် ပတ်သတ်သည့် အချက် အလက်များအပြင် ဓာတ်ပုံများကိုပါ ထည့်သွင်းပေးပို့မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Facebook အသုံးပြုသူများထံ new feed အနေဖြင့် ရောက်ရှိလာမည်ဖြစ်ပြီး Ms. Vacher ၏  ပြောကြားချက်   အရ ထိုအချက်ပေးမှုသည် ကလေးငယ်များကို ကူညီရှာဖွေပေးနိုင်လောက်မည့် လူများထံသို့သာ ရောက်ရှိမည် ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
ထို့အပြင် သူမက ဒီအကြောင်းအရာကို Facebook စာမျက်နှာပေါ်မှာ လူတွေမြင်ပြီး အလွန် ဆိုး ရွား တဲ့  ဖြစ်ရပ်တွေ ဖြစ်နေတာပဲဆိုတဲ့အကြောင်း သိသွားစေချင်တယ် လို့လည်း ပြောကြားခဲ့ပါသေးသည်။
လွန်ခဲ့သော မတ်လက Facebook ရဲ့ အချက်ပေးစနစ်ကိုတွေ့ပြီး ဝန်ထမ်းတစ်ဦးက ရဲကို အကြောင်းကြား ခဲ့တာကြောင့် တောင်ကာရိုလိုင်းနား မိုတယ်လ်ခန်းထဲမှာ ၁၁နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရှာဖွေတွေ့ ရှိခဲ့ပါသေးတယ်။ ထိုအချက်ပေးမှုကြောင့် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ရတဲ့ ကလေးဦးရေဟာ ယခုဆို ၇၀၀ကျော် နေပြီ ဖြစ်ပါတယ်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment