Powered by Blogger.

ပိုမိုမြန်ဆန်ပြီး ပိုမို ဈေးသက်သာတဲ့ အင်တာနက် စနစ် ကို အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော် တွေမှာ ရှိစေချင်နေတဲ့ Obama


အမေရိကန် ပြည်ထောင်စုရဲ့ ဒေသ အချို့မှာ Broadband အင်တာနက် ရွေးချယ်ခွင့်တွေဟာ ကန့်သတ်ချက်တွေနဲ့ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ပြည်ထောင်စု ရဲ့ သမ္မတ Obama ဟာ ဒါကို ရပ်တန့်ဖို့ ကြိုးစားနေပါပြီ။
Washington Post သတင်းဌာန ရဲ့ ဖော်ပြချက်တွေအရတော့ Obama ဟာ Comcast နဲ့ Verizon တို့လို အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီတွေကို ပိုမိုမြန်ဆန်ပြီး ပိုမို ဈေးသက်သာတဲ့ အင်တာနက် စနစ် ကို ပြုလုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
 ဒါ့အပြင် Obama ဟာ အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီ ကြီးတွေရဲ့ ပြိုင်ဆိုင်မှုတွေအတွက်လည်း ဥပဒေ တစ်ရပ် ရေးဆွဲစေချင်နေပြီး မြို့တော် တွေမှာ ပြုလုပ်မယ့် ပိုမို မြန်ဆန်ပြီး ပိုမို ဈေးသက်သာတဲ့ အင်တာနက်စနစ် အတွက် ပါဝင်မယ့် ကုမ္ပဏီတွေအတွက်လည်း ပိုက်ဆံ ချေးငှား နိုင်မယ်လို့လည်း ဆိုပါတယ်။ 
ထို အစီအစဉ်တွေကို Cedar Fallsမှာ ကျင်းပမယ့်  ဆွေးနွေးပွဲမှာ Obama က မိန့်ခွန်းပြော ကြား မှာဖြစ်တယ် လို့သိရပါတယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment