Powered by Blogger.

ဇန်န၀ါရီ ၂၁ ရက်နေ့မှာ ထွက်ပေါ်လာတော့မယ့် Windows 10


Microsoft ရဲ့ ထုတ်ကုန် အသစ် တစ်ခုဖြစ်တဲ့ Windows 10 မှာတော့ ပြောင်းလဲမှုတွေ ပါဝင်လာမှာပါ။ အရင် Windows တွေတုန်းက ပါဝင်ခဲ့တဲ့ ၀က်ဘ် ရှာဖွေရေး ဆော့ဖ်ဝဲလ် တစ်ခုဖြစ်တဲ့ Internet Explorer အစား Spartan လို့ခေါ်တဲ့ ဆော့ဖ်ဝဲလ် ကို အစားထိုးမယ်လို့သိရပါတယ်။
 ဒါ့အပြင် Microsoft ရဲ့ ဖန်တီးမှု အသစ်တစ်ခုဖြစ်ပြီး Cortana လို့အမည်ပေးထားတဲ့ အသံနဲ့ ညွှန်ကြားရှာဖွေ စနစ်ကိုလည်း ထို Spartan ဆော့ဖ်ဝဲလ် မှာသာ မကပဲ Windows စနစ်ထဲမှာပါထည့်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။
အစောပိုင်းထွက်ရှိခဲ့တဲ့ သတင်းတွေအရတော့ Windows 10 ဟာ ကွဲပြားခြားနားမှုတွေ ရှိတယ်ဆိုပေမယ့်လည်း Chrome နဲ့တူတဲ့ အသွင်အပြင်နဲ့ Internet Explorer ပါဝင်မယ်လို့ပဲ ဆိုထားခဲ့တာပါ။ Spartan နဲ့ ပတ်သက်လို့လည်း ထွက်ရှိလာတော့မယ့် အကြောင်းတွေ ကြေညာထားပေမယ့် Cortana ပါဝင်မယ်လို့တော့ မပြောထားခဲ့ပါဘူး။ Windows 10 ဟာ ဇန်န၀ါရီ ၂၁ ရက်နေ့မှာ ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။

Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment