Powered by Blogger.

ဂျာမနီ အစိုးရရဲ့ တရားဝင် ၀က်ဘ်ဆိုက်တွေကို ဟက်ကာများက ပိတ်ချ


ယူကရိန်းနိုင်ငံ မှာဖြစ်ပွားခဲ့တဲ့ ဒစ်ဂျစ်တယ် စစ်ပွဲ တွေက အတောမသတ် နိုင်သေးပါဘူး။ ရုရှား ဟက်ကာ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ CyberBerkut ဆိုတဲ့ အဖွဲ့ဟာ ဂျာမနီ အစိုးရရဲ့ တရားဝင် ၀က်ဘ်ဆိုက်တွေကို ၀င်ရောက် ဟက်ပြီး ပိတ်ချ လိုက်ပါတယ်။ CyberBerkut အဖွဲ့ရဲ့ အ ခိုင်အမာ ပြောဆိုချက်တွေအရတော့ အခုလို လုပ် ရခြင်းဟာ ဂျာမနီ နဲ့ ယူကရိန်း ခေါင်းဆောင်တွေ တွေ့ဆုံဖို့ရှိတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ 
အခုချိန်မှာတော့ တိုက်ခိုက်ခံလိုက်ရတဲ့ ၀က်ဘ်ဆိုက်တွေဟာပြန်လည်ပြုပြင် ပြီးစီးနေပါပြီ။ ဂျာမနီ နိုင်ငံအတွက် တော့ အင်တာနက်တိုက်ခိုက်မှုတွေ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ဂျာမနီ အစိုးရရဲ့ တရားဝင် ၀က်ဘ်ဆိုက်တွေဟာ တစ်နေ့ကို အကြိမ်ရေ ၃၀၀၀ ခန့် ဆိုင်ဘာတိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပြီး အခု တစ်ကြိမ်မှာသာ မကာကွယ်နိုင်ပဲ ပထမ ဆုံး အကြိမ် ထိခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment