Powered by Blogger.

Xiaomi Redmi 1S ၅စက္ကန့်အတွင်း ၃သောင်းကျော် ရောင်းရ


အိန္ဒိယ Flash Sale ဈေးကွက်တွင် Xiaomi နောက်ထပ်တစ်ကြိမ် အောင်မြင်ပြန်ပြီလို့ သိရပါတယ်။ ထုတ်လုပ်သူ၏ ပြောကြားချက်အရ Xiaomi Redmi 1S စမတ်ဖုန်းကို Flipkart တွင် Flash Sale လုပ်ပြီး ၅စက္ကန့်အတွင်း အလုံးပေါင်း ၃သောင်းရောင်းလိုက်ရပါတယ်။
 အိန္ဒိယရှိ Mi official မှ ကြီးမှူးပြီး twitter တွင် နောက်ဆုံးရောက် Flash Sale ဆိုပြီး ပို့စ်တင်ခဲ့ရမှ ခုလို ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ Xiaomi ကို အိန္ဒိယတွင် Flash Sale ပြုလုပ်ရောင်းချခြင်းသည် ယခုအခေါက်ပါဆို၃ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး ယခုတစ်ကြိမ်တွင် Redmi 1S နှင့် Redmi Note 4G ကို တစ်ရက်တည်း အပြိုင်ရောင်းချခဲ့တာဖြစ်ပါတယ်။
 ၁၁စက္ကန့်အတွင်း Xiaomi 1S စမတ်ဖုန်း အလုံးရေ ၅သောင်းစလုံး ရောင်းချနိုင်ခဲ့ပြီး ပစ္စည်း ပြတ်လတ်သွားခဲ့ရပါတယ်။ ပစ္စည်း မကုန်မီ ၄စက္ကန့်အတွင်း Xiaomi အလုံးရေ ၂သောင်း ရောင်းချနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ Xiaomi Redmi Note 4G ကတော့ Flash Sale တွင် ၆သောင်းခန့် ရောင်းချခဲ့ရပါတယ်။ Xiaomi အနေဖြင့် အချိန် အတိအကျ မကြေငြာခဲ့တာတောင် Redmi Note 4G အားလုံး ရောင်းကုန်ခဲ့ပါတယ်။
 Mi ဟန်းဆက်များ ရောက်ချသည့် Flipkart စာမျက်နှာတွင် Redmi 1S နှင့် Redmi Note 4G ကို နောက်တစ်ကြိမ် Flash Sale လုပ်ပေးဦးမည် ဖြစ်ပြီး ဇန်နဝါရီလ ၂၇ရက်နေ့ တစ်ရက်တည်းတွင် ထို ဖုန်း နှစ်လုံးကို ထပ်မံရောင်းချသွားဦးမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ထို စမတ်ဖုန်း တစ်လုံးစီအတွက် အသုံးပြုသူများ အနေဖြင့် သက်သက်စီ register လုပ်ရမည် ဖြစ်ပါတယ်။ 



Credit : http://gadgets.ndtv.com/mobiles/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment