Powered by Blogger.

၂၀၁၅ က Apple ရဲ့ iPad ခေတ်ဖြစ်လာနိုင်လား


Apple က communicating stylus အတွက် patent 8,922,530 ကို US Patent and Trademark Office မှ ဆုရရှိခဲ့ပါတယ်။ စာရွက်များ၊ Whiteboard များပေါ်တွင် စာရေးနိုင်ရုံမျှ stylus pen တစ်ချောင်း အဖြစ် iPad, iPhone တို့နှင့် တွဲဖက်သုံးနိုင်တဲ့ stylus device တစ်ခုဖြစ်ပါတယ်။ ပိုကြီးလေ ပိုကောင်းလေ ဆိုပြီး Apple မှ iPad Pro ထုတ်လုပ်ရန်လည်း စီစဉ်လျှက်ရှိပါသည်။ 
လက်ချောင်းတွေသုံးစရာမလိုဘဲ အသုံးပြုနိုင်မယ့် stylus device တွေကို Steve Jobs က သဘောမ ကျ ဘူး လို့လည်း ပြောခဲ့ဖူးပါတယ်။ ၂၀၀၇ခုနှစ်မှာ Jobs က “nobody wants a stylus” ဆိုပြီး ဘယ်သူမှ stylus  ပစ္စည်းတွေ မလိုချင်ကြဘူးလို့ ပြောခဲ့ပါသေးတယ်။ ၃နှစ်ကြာပြီးတဲ့နောက်မှာ “If you see a stylus, they blew it” ဆိုပြီး ထပ်မံပြောကြားခဲ့ပြန်ပါတယ်။ 
သူက လူသိရှင်ကြားဘယ်လိုပင် ပြောခဲ့ပါစေ ၂၀၁၀ ခုနှစ် သူဆုံးပြီးနောက်ပိုင်းမှာတော့ သူ့အနေနဲ့ အခြားသော နည်းလမ်းတွေကိုလည်း သဘောကျပါတယ်ဆိုပြီး ထွက်ပေါ်လာပြန်ပါတယ်။ Apple အနေ နဲ့ နောက်ထွက်မယ့် iPhoneမှာ stylus ပစ္စည်းနဲ့ တွဲဖက် ထုတ်မထုတ်ကို ဘယ်သူမှ မခန့် မှန်းနိုင်သေး ပါဘူး။ လာမယ့်နှစ်အတွင်းမှာ Apple အနေနဲ့ ၁၂လက်မ-၁၃လက်မ iPad Pro နဲ့အတူ digital pen ကို တွဲ ဖက်ထုတ်လုပ်မယ်ဆိုတဲ့ ကောလဟာလတွေကိုလည်း ကြားရပြန်ပါတယ်။ 



Credit : http://www.news.com.au
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment