Powered by Blogger.

ချစ်သူရှာဖွေရေး ဝန်ဆောင်မှု app တစ်ခု ဖြစ်တဲ့ Coffee Meets Bagel


Coffee Meets Bagel ဟု ခေါ်သော ချစ်သူရှာဖွေရေး ဝန်ဆောင်မှုသည် ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၇.၈သန်း ခန့် ရရှိခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ ၄င်း၏ app ကို ၂၀၁၂ ခုနှစ်တည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး နေ့စဉ် အသုံးပြု သူတွေထဲက Facebook မှာ သူငယ်ချင်းအဖြစ် ချိတ်ဆက်မှုရှိသူတွေကို တွဲဖက်ပေး ခဲ့တာ ဖြစ် ပါတယ်။
 နှစ်ဦးနှစ်ဖက် စလုံးက ကျေနပ်တယ် ဆိုရင်တော့ ထိုစုံတွဲအတွက် ပထမဆုံး ချိန်းတွေ့ မှုမှာ သောက် ဖို့ ကော်ဖီ အအေး စတာတွေ အတွက် Discount ပေးပါတယ်။ အသုံးပြု သူတွေအနေဖြင့် ၂၄နာရီလုံး အသုံးပြုနိုင်မည် ဖြစ်ပြီး သတ်မှတ်ရက် မကျော်လွန်မီ တွဲဖက်ပေးမှုကိုလည်း တုံ့ပြန်ပေးနိုင်ကာ ချစ်ခြင်းမေတ္တာ နဲ့ပြည့်စုံနေတဲ့ နေ့သစ်တွေကို ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ 
အခြားသော ချစ်သူ ရှာဖွေရေး ဝန်ဆောင်မှုနှင့် ကွာခြားအောင် ဝန်ဆောင်ပေးထားပြီး ပိုမိုကောင်းမွန်စေရန် အတွက်လည်း Developer များ အင်ဂျင်နီယာများကို ထပ်မံ ခန့်ထားလျက်ရှိပါတယ်။ ယခုနှစ်အစမှာ Coffee Meets Bagel ၏ android ဗားရှင်း app ကို ထုတ်လုပ် လိုက်နိုင်ပြီး အသုံးပြု သူတွေလည်း ပိုမိုများပြာလာကာ website ဘက်သို့ဦးတည်နိုင် ရန် ကြိုးစားလျက်ရှိနေပါတယ်။


Credit : http://techcrunch.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment