အမေရိကန် ပြည်ထောင်စု နယူးယော့ခ်မြို့တော် ရဲ့  မြို့နယ်တစ်ခုဖြစ်တဲ့ Manhattan မှာနေထိုင်သူတွေနဲ့ အလုပ်လုပ်သူတွေ အတွက်တော့ ထိရောက်တဲ့ ကောင်းကျိုးတွေဖြစ်ပေါ်ခဲ့ပါပြီ။
ကမ္ဘာသုံး အွန်လိုင်းဈေး ၀ယ်ဌာန ဖြစ်တဲ့ Amazon က Prime Now ပို့ဆောင်ရေး စနစ်က နယူးယော့ခ်မြို့တော် ဧရိယာ အတွင်း စတင် လုပ်ဆောင်နေပြီလို့ တရားဝင် ပြောကြားလိုက်ပါတယ်။
အခုချိန်မှာ သင်ဟာ လမ်းထိပ်နားက စတိုးဆိုင်ကိုတောင် သွားဖို့မအားခဲ့ဘူး ၊ ဒါမှမဟုတ်လည်း သင်ကိုယ် တိုင်က မသွားချင်ခဲ့ဘူးဆိုရင်တော့ တစ်နာရီအတွင်း ရောက်ရှိလာမယ့် Amazon ရဲ့ ပို့ဆောင်ရေး စနစ်ကို အမေရိကန် ဒေါ်လာ ၈ ဒေါ်လာ တည်းနဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အရင်က ဧရိယာ အနည်းငယ်မှာသာ အသုံးပြုနိုင်ခဲ့ပေမယ့် အခုတော့ နယူးယော့ခ်မြို့တွင်း မှာပါ အသုံးပြုနိုင် မှာဖြစ်ပြီး Manhattan မှာတော့ နောက်ဆုံး အသုံးပြု ခွင့်ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Credit : http://www.engadget.com
0 comments:
Post a Comment