Powered by Blogger.

ကလေးငယ်တွေ အတွက် ရည်ရွယ်ထားတဲ့ app တစ်ခုကို YouTube ထုတ်လုပ်


YouTube ဟာ ကလေးငယ်တွေအတွက် ရင်းနှီးနေစေမယ့် မာတိများကို အဓိကထား ထုတ်လုပ်ထားပြီး ဖုန်းတွေနဲ့ တတ်ဘလတ်တွေမှာ အသုံးပြုနိုင်မယ့် app တစ်ခုကို ဖေဖော်ဝါရီ ၂၃ မှာ စတင် ဖြန့်ချီ မှာဖြစ် တယ်လို့ သိရပါတယ်။ ထို app ကတစ်ဆင့် ကြည့်ရှုမည့် ကလေးငယ်တွေ ဟာ ခေါင်းစဉ်ကြီး ၈ ခု ကိုပြ သထားပြီး ကလေးငယ်တွေကြားရေပန်းစားနေတဲ့ ဗီဒီယိုတွေကို တွေ့  မြင်နိုင်မှာဖြစ်ပါတယ်။
 ဒါ့အပြင် TV Shows , Music Content , Educational Programming နဲ့ binocular Icon စတဲ့ ရွေးချယ်စရာ ၅ မျိုးက တစ်ဆင့် ကဏ္ဍအလိုက် ရွေးချယ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ နဂို အသုံးပြုနေကြ YouTube ကနေ ခွဲထွက်သွားခဲ့တဲ့ ထို app အသစ်ရဲ့ လုပ်ဆောင်ချက်တွေကတော့ comments ပေးလို့   မရတော့ တာနဲ့ ပုံအရွယ် အစား ကြီးကြီးမှာ လက်ချောင်းသေးသေးလေးတွေ နဲ့ ထိတွေ့  နိုင်အောင် ဖန်တီးပေး ထား တာပဲဖြစ်ပါတယ်။
ထိုစီမံကိန်းရဲ့  မန်နေဂျာဖြစ်တဲ့ Shimrit Ben-Yair ရဲ့ ပြောကြားချက်အရ “ကလေးငယ်တွေဟာ စာမ ရိုက်နိုင်သေး ပါဘူး။ အဲဒီ အတွက်သူတို့လေးတွေ ရှာဖွေရ လွယ်အောင် အသံစနစ် (Voice Search) ကို ထည့် သွင်းထားပါတယ်။ မိဘတွေ အနေနဲ့လည်း ကလေးတွေကို အချိန်သတ် မှတ်ပေးထားနိုင်ဖို့ Timer စနစ် ပါဝင်မှာပါ” လို့ ဆိုပါတယ်။


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment