Powered by Blogger.

ဆယ်ကျော်သက် များအတွက် Google ရဲ့ တီထွင်မှု ပြိုင်ပွဲ


ကမ္ဘာ့အကြီးဆုံး ရှာဖွေရေး အင်ဂျင်တစ်ခုဖြစ်တဲ့ Google က ပြိုင်ပွဲမျိုးစုံကို ကျင်းပလေ့ရှိပါတယ်။ အခုလည်း ဆယ်ကျော်သက် ကလေးငယ်များရဲ့ ပညာ အရည်အချင်း အတွက် သိပ္ပံပညာပြိုင်ပွဲ တစ်ခုကို ကျင်းပဖို့ စီ စဉ် နေ ပါတယ်။
 ဒီနှစ်ဟာ ထိုသိပ္ပံပညာ ပြိုင်ပွဲ ကျင်းပလာ ခဲ့တာ ၅ ကြိမ်မြောက်ဖြစ်ပြီး ဒီနှစ်မှာတော့ အကောင်းဆုံး သိပ္ပံနည်း ပညာ ကိရိယာ တစ်ခုကို တီထွင်နိုင်တဲ့ ကျောင်းသားအား အမေရိကန် ဒေါ်လာ ၁၀၀၀၀၀ တိတိ ပညာ သင်စရိတ် အဖြစ်ပေး အပ်မှာဖြစ်ပြီး Galapagos (သို့) Virgin Galactic အာကာသ စခန်းတွေ ကို လေ့လာရေး သွားရောက်နိုင် မှာဖြစ်ပါတယ်။ 
Community Impact ဆုကိုလည်း စီစဉ်ပေးထားပြီး ကမ္ဘာကြီးနဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းသွားစေမယ့် တီထွင်မှု မျိုးကို လုပ်နိုင်မှ ထိုဆုကို ရရှိနိုင်မှာဖြစ်တယ် လို့လည်း သိရပါတယ်။ ထိုဆုရ ကလေးငယ်ကို သင်ကြားပေး ခဲ့တဲ့ ဆရာ/ဆရာမ တွေကိုလည်း Inspiring Educator ဆိုတဲ့ ဆုကိုပေး အပ်ဦး မှာဖြစ်တယ် လို့လည်း သိရပါတယ်။ 
ယှဉ်ပြိုင်မယ့် ဆယ်ကျော်သက် ကလေးငယ်တွေ အနေနဲ့ မေလ ၁၈ ရက်နေ့မှာ Project တစ်ခုကို အပြီး လုပ်ပြီး Google ကို ပို့ရမှာဖြစ်ပါတယ်။ ဆုရရှိသူ စာရင်းကိုတော့ စက်တင်ဘာ ၁၉ ရက်နေ့မှာ သိရမယ်လို့ Google က သတင်း ထုတ်ပြန်ထားပါတယ်။


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment