Powered by Blogger.

ကလေးများအတွက် ဗီဒီယို app ကို YouTube ထုတ်လုပ်ရန် စီစဉ်


Mobile device များအတွက် YouTube က ကလေးများ အသုံးပြုနိုင်မည့် ဗားရှင်းသစ်ကို တနင်္လာနေ့က ထုတ်လုပ် လိုက်ပါတယ်။ အမေရိကန်နိုင်ငံ တစ်ခုတည်း တွင်သာ Andriod အတွက် ထုတ် လုပ်ပေး ထားသေး တာဖြစ် ပါတယ်။ “Music Key’s service” ကို ထုတ်လုပ်ထားပြီး ဖြစ်ကာ အခမဲ့ အသုံးပြုနိုင် သည့် ဗားရှင်းလည်း ဖြစ်ပါတယ်။ ကလေးငယ်များအတွက် သင့်တော်မည့် kids app တစ်ခု ဖြစ်ကာ ကြည့်ရှု ချိန် သတ်မှတ်ခြင်း၊ အသံချိန် ညှိပေးခြင်း စသည်တို့ကို လူကြီးမိဘများ အနေဖြင့် ထိန်းချုပ်နိုင်မည့် feature များလည်း ပါဝင်ပါတယ်။
 ထို့အပြင် ဗီဒီယိုများကို လွယ်ကူစွာ ရှာဖွေလာနိုင်မည် ဖြစ်ကာ ကလေးငယ်များ အတွက် အထူးသင့်တော် မည် ဖြစ်ပါတယ်။ TV shows, သင်ကြားရေး ဗီဒီယိုများ၊ သီချင်းများ စတာတွေလည်း ပါဝင်မည် ဖြစ်ပါတယ်။ ကလေးငယ်များ အနေဖြင့် ငယ်ရွယ်တဲ့ အချိန်မှာ ကြည့်ရှုသင့်တဲ့ ဗီဒီယိုများကိုသာ ရွေးချယ် ထည့်သွင်းပေး သွားမှာ ဖြစ်တာကြောင့် မိဘများ၏ စိတ်ပူပန်မှုများကို လျော့နည်းစေနိုင် မည် ဖြစ်ပါတယ်။
 အချို့ မိဘများမှာမူ မိမိ၏ ကလေးငယ်များအား စာအုပ်တွေဖတ်၊ ပျော်ရွှင်စွာ ဆော့ကစားက လက်တွေ့ ဘဝကြီး ကို ဖြတ်သန်းစေ ချင်ကြပြီး အွန်လိုင်းပေါ်တွင် အချိန်တွေ အသုံးချနေတာကို မကြိုက်နှစ်တတ်ကြပါ။ သို့ပေမယ့် ဒီ app  လေးက ကလေးငယ်များအတွက်ကော မိဘများအတွက်ပါ အဆင်ပြေစေမည့် app ဖြစ်နိုင် တယ်လို့တော့ မိဘ တော်တော်များများက ထောက်ခံမှု ပြုထားကြပါတယ်။


Credit : http://techcrunch.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment