Powered by Blogger.

HTC ရဲ့နောက်ထွက်မည့် The One M9


HTC မှ တရားဝင် မကြေငြာမီ ရရှိခဲ့တဲ့ သတင်းအရ နောက်ထွက်မယ့် HTC The One M9 ရဲ့ ထူးခြား ချက်တွေ ကို သိရှိရပြီ ဖြစ်ပါတယ်။ 1080  pixel ရှိတဲ့ ၅လက်မ အရွယ် မျက်နှာပြင် ပါရှိပြီး ကင်မရာမှာ လည်း ရှေ့နောက် နှစ်ခု ပါရှိပါတယ်။ ပင်မကင်မရာမှာ 20.7MP ဖြစ်ပြီး ရှေ့ကင်မရာမှာမူ 4MP ရှိကာ HTC ၏ Ultrapixel နည်းပညာကို ထည့်သွင်း အသုံးပြု ထားပါသည်။ 
Andriod ဗားရှင်းမှာ 5.0(Lollipop) အမျိုးအစားဖြစ်ပြီး HTC ဖုန်းများ အားလုံးထဲတွင် OS အမြင့် ဆုံးဖုန်း တစ်လုံးဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းမှာ 2840mAh ရှိကာ အချိန်ကြာမြင့်စွာ အသုံးပြုနိုင် မည် ဖြစ် သဖြင့် ဖုန်းအား ခဏခဏ သွင်းရတာ မကြိုက်တဲ့ HTC ပရိတ်သတ်တွေ အတွက် အဆင်ပြေစေမှာပါ။ RAM ပမာဏမှာ 3GB ဖြစ်ပြီး 2GHz Qualcomm Snapdragon 810 CPU ကို အသုံးပြု ထားတယ် လို့ လည်း သိရပါတယ်။ တချို့သော သတင်း များတွင်မူ 2.8GHz လို့ ဖော်ပြထားသဖြင့် ဘယ်ဟာ အမှန်ဆိုတာ ထွက်လာမှပဲ သေချာသိရတော့မှာ ဖြစ်ပါတယ်။ 
သတင်းတွေ အားလုံးကို တရားဝင် မကြေငြာသေးပေမယ့် အားလုံး သိနေရပြီ ဖြစ်ပါတယ်။ ဖုန်းနာမည်ဟာ “One M9” လို့ တချို့ကပြောကာ “The One” လို့ ပြောတဲ့လူတွေလည်း ရှိပြီး ယခုထိ အငြင်း အ ခုံတွေ ဖြစ်နေ ဆဲ ဖြစ်ပါတယ်။ ဘာတွေဘယ်လိုပဲ ဖြစ်နေပါစေ HTC က မတ်လ ၁ရက်နေ့မှာတော့ ဘာစီလိုနာမှာ တရားဝင် ကြေငြာပေးတော့မှာ ဖြစ်ပါတယ်။


Credit : http://techcrunch.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment