Powered by Blogger.

Apple Smart Watch ကို တက္ကသိုလ်တွေမှ ဝေဖန်ရှုံ့ချ


စာမေးပွဲ ခန်းအတွင်းတွင် စာခိုးချနိုင်ရန် အထောက်အကူပြုသော စက်ပစ္စည်းများကို ယူဆောင်ခွင့်မရှိပါဘူး။ စာမေးပွဲ ကာလအတွင်း တက္ကသိုလ်များက ကျောင်းသားတွေ အနေဖြင့် အင်တာနက်ပါ အသုံးပြုနိုင်သည့် Smart Watch ကဲ့သို့သော အရာများ ဝတ်ဆင် လာခြင်းကိုလည်း တားမြစ်ထားပါတယ်။
ဒီမူဝါဒကို ထားရခြင်းဟာ ကြီးကြပ်သူတွေ အနေဖြင့် စာမေးပွဲ မစခင်မှာ ကျောင်းသားတိုင်းကို smart watch အသုံးပြုလား မပြုလားဆိုတာကို လိုက်စစ်ဆေးဖို့ မဖြစ်နိုင် တာကြောင့်ပါ လို့ ကျောင်းတွေ က ပြောခဲ့ပါတယ်။ တက္ကသိုလ် တစ်ခုတွင် စာမေးပွဲဖြေနေစဉ် Smart watch အချင်းချင်း ချိတ်ဆက်ကာ စာခိုးချနေသည့် ဖြစ်ရပ် ၂ခု ဖြစ်ပွားခဲ့ပါတယ်။
ထိုပစ္စည်းများတွင် ပြန်လည်သင်ကြားခြင်း သင်ခန်းစာများကို သိမ်း ဆည်းထားနိုင်ပြီး ကျောင်းသား အချင်း ချင်း message ပို့နိုင်ရန်လည်း ပြောင်းလဲပေးနိုင်ပါသည်။
 Apple အနေဖြင့် ထိုကဲ့သို့  သော လုပ်ဆောင်ချက်များ ပါဝင်သည့် Smart Watch ကို လာမယ့် ဧပြီလတွင် ထုတ်လုပ်နိုင်ရန် ပြင်ဆင်လျှက်ရှိပါတယ်။ လွန်ခဲ့နှစ် Apple ကြေငြာခဲ့စဉ်က လန်ဒန် တက္ကသိုလ်မှ ၂၀၁၅ နောက်ပိုင်းတွင် စာမေးပွဲခန်းတွေ အတွက် Smart Watch ဟာ ပြဿသ  နာတစ်ခု ဖြစ်လာလိမ့်မယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 
Smart phone နှင့် Tablet ကဲ့သို့သော အမျိုးအစားတူ ပစ္စည်းအားလုံးကို စာမေးပွဲခန်း အတွင်း ယူဆောင် ခွင့်မရှိကြောင်း ကျောင်းသားများကိုလည်း သတိပေးပြီး ဖြစ်ပါတယ်။ ယခုအခါတွင် စာမေးပွဲခန်းတွေမှာ နံရံ ကပ်နာရီတွေ ကပ်ပေးထားပြီး တက္ကသိုလ်အများအပြား တွင်လည်း စာမေးပွဲဖြေနေစဉ် အချိန်ကြည့် ချင်သော ကျောင်းသားများ အတွက် စားပွဲတင်နာရီများ ဝယ်ယူကာ ဖြည့်ဆည်းပေးထားပြီ ဖြစ်ပါတယ်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment