Facebook ဟာ ကိုလံဘီယာနိုင်ငံမှာ Internet.org ဆိုတဲ့ အစီအစဉ်နဲ့ အခမဲ့ အင်တာနက် အသုံးပြု ခွင့်ကို ပြု လုပ်ခဲ့ပြီး တစ်လခန့် အကြာမှာ အိန္ဒိယနိုင်ငံ မှာပါ တိုးချဲ့ လုပ်ဆောင်တော့မှာပါ။
ထိုဝန်ဆောင်မှု အရ Tamil Nadu , Mahararashtra , Andhra Pradesh , Gujarat , Kerala နဲ့ Telangana ဆိုတဲ့ ပြည်နယ် ၆ ခု အတွင်းက သုံးစွဲသူတွေဟာ Internet.org ဆိုတဲ့ android app တစ်ခုကို အသုံးပြုပြီး သတင်းများ ၊ မိုးလေ၀သ အခြေအနေများ ၊ အစိုးရပိုင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်များ နဲ့ အလုပ်ရှာဖွေခြင်း ၀က်ဘ်ဆိုက်များ ကို အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွေးချယ်စရာ ဘာသာများအဖြစ် English , Hindi , Tamil , Telugu , Malayalam , Gujarati နဲ့ Marathi စတဲ့ ဘာသာ ၇ မျိုးတို့ကို ရွေးချယ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထို Internet.org app ကို ကန်ညာနိုင်ငံနဲ့ ဇမ်ဘီးယားနိုင်ငံတွေမှာလည်း သုံးစွဲနိုင်တယ်လို့သိရပါတယ်။
Credit : http://www.engadget.com
0 comments:
Post a Comment