Powered by Blogger.

Facebook က “White Hat” Hacker များကို ဒေါ်လာ ၁.၃သန်း ဆုချ


၂၀၁၄ ခုနှစ်အတွင်း Facebook ရဲ့ လုံခြုံရေးနဲ့ပတ်သတ်ပြီး အချက်အလက်များ၊ ယိုပေါက်များ ကို ထောက်ပြနိုင် တဲ့ “White Hat” ဟက်ကာတွေကို ဒေါ်လာ ၁.၃သန်း ဆုချပေးခဲ့ပါတယ်။ ထိုကဲ့သို့ ဆုကြေးငွေပေးသည့် အစီစဉ်ကို ၂၀၁၁ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး လူမှုကွန်ယက် လုံခြုံရေးနှင့် ပတ်သတ်ပြီး ယိုပေါက်များရှိနေပါက အသိပေးအကြောင်းကြားပေးသည့် ဟက်ကာများကိုသာ ဆုပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ခုနှစ်အတွင်း ပရိုဂရမ်မှားယွင်းနေမှု များနှင့် လုံခြုံရေးပြဿ      နာ ပါင်း ၁၇၀၀၀ကျော် ရှိခဲ့ပါတယ်။ ပျှမ်းမျှအားဖြင့် ဟက်ကာတစ်ဦးကို ၄၀၄၉ ဒေါ်လာ ပေးခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့တဲ့ ပြဿသ  နာအကြီး အသေးပေါ်မူတည်ပြီး ဆုကြေးငွေဟာ ကွဲပြားသွားပါတယ်။ အမြင့်ဆုံး ဆုကြေးမှာ ဒေါ်လာ ၃သောင်း ဖြစ်ကာ Lithuanian Researcher တစ်ဦးက ရရှိသွားခဲ့ပါတယ်။
 အနိမ့်ဆုံး ဆုကြေးမှာမူ ဒေါ်လာ ၅၀၀ ဖြစ်ပါတယ်။ ပရိုဂရမ် အမှား အများဆုံးကို အိန္ဒိယရှိ ဟက်ကာများက ရှာဖွေတွေရှိခဲ့တာဖြစ်ပြီး ဒုတိယအနေဖြင့် အီဂျစ်၊ တတိယ မှာမူ အမေရိကန် တို့ဖြစ်ပါတယ်။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment