Powered by Blogger.

Huawei ရဲ့ Phablet အသစ် MediaPad X2


ပထမဆုံး Android စနစ်သုံး စမတ် နာရီကိုထုတ်လုပ်ပြီး ခေါင်းစည်းသတင်းမှာ နေရာယူပြီးတဲ့နောက် Huawei ဟာ သူ့  ရဲ့ Phablet အသစ်ကိုလည်း ဒီနှစ်ထဲ ထုတ်လုပ်လိုက်ပြန်ပါပြီ။ MediaPad X2 လို့ခေါ်တဲ့ Huawei ရဲ့ Phablet ဟာ သေးငယ်တဲ့ Tablet တစ်လုံးဖြစ်နေပေမယ့် ကြီးမားတဲ့ ဖုန်းတစ်လုံးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ 
ဘာလို့လည်း ဆိုတော့ MediaPad X2 ဟာ ဖုန်းအဖြစ်ရော တတ်ဘလတ် အဖြစ်ပါ အသုံးပြုနိုင်မယ့် Phablet ဖြစ်နေလို့ပါ။ Huawei ရဲ့ မနှစ်က ထုတ်လုပ်ထားတဲ့ X1 ဆိုတဲ့ တတ်ဘလတ် နဲ့ ပုံစံဆင် တူပေ မယ့် အတွင်း ပိုင်းက ပါဝင်ပစ္စည်းတွေကတော့ ကွဲပြားပါတယ်။ MediaPad X2 မှာတော့ ရွေး ချယ်စရာ ၂ မျိုးရှိပါတယ်။ 16GB ကတော့ RAM 2GB ပါဝင်မှာဖြစ်ပြီး 32GB ကိုရွေးချယ်ရင်တော့ RAM 3GB ပါဝင် မှာဖြစ် ပါတယ်။ 
 ဘယ် GB ကိုဝယ်ဝယ် CPU အနေနဲ့ကတော့ Octa-Core Mali-T628 Processor ပါဝင်မှာဖြစ်ပါတယ်။ 802.11ac WiFi စနစ်ကိုလည်း X1 တုန်းကမထည့်သွင်းပေးထားပဲ X2 ကျမှ ပါဝင်လာတာဖြစ်ပါတယ်။ အဓိကကျတဲ့ ကင်မရာအနေနဲ့လည်း အနောက်ကင်မရာ 13 Megapixels နဲ့ 5 Megapixels Selfie ကင်မရာတို့ပါဝင်တဲ့ အတွက်လည်း ဓါတ်ပုံနှင့် ဗီဒီယိုများမှတ်တမ်း တင်ရာတွင် အထူးကောင်းမွန်စေရန် ထုတ်လုပ် ထားတာဖြစ်ပါတယ်။ 
1920 x 1200 ကြည်လင်ပြတ်သားမှုရှိတဲ့ ၇လက်မ မျက်နှာပြင်ပါဝင်ပြီး အလေးချိန် ၂၃၉ ဂရမ်သာရှိတဲ့ X2 ဟာ X1 တုန်းကလိုပဲ ဒေါ်လာ ၄၅၀ ပတ်ဝန်းကျင်ရှိလိမ့်မယ်လို့ ဈေးနှုန်းကိုခန့်မှန်းထားကြပါတယ်။ 


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment