Powered by Blogger.

ဒီနှစ်ထဲ ထွက်ရှိလာမယ့် Guitar Hero ဂိမ်းအသစ်


Activison ဂိမ်း ကုမ္မဏီဟာ Guitar Hero ဂိမ်း အသစ်ကို ဒီနှစ်အတွင်းမှာ ထွက်ရှိနိုင်ရန် စီစဉ်နေတယ်လို့ Kotaku UK သတင်းဌာန ရဲ့ ပြောကြားချက်အရ သိရပါတယ်။ အခုအသစ်ထုတ်လုပ်မယ့် Guitar Hero ဂိမ်းအသစ်ဟာ လေး နှစ်တာအတွင်း ပထမဆုံးပြန်ုထုတ်မယ့် Gutar Hero ဂိမ်းဖြစ်ပြီး ဒီဂိမ်း အသစ် ကိုတော့ Xbox One နဲ့ PlayStation 4 တို့မှာ ကစားနိုင်အောင် ထုတ်လုပ်ထားတာဖြစ် တယ်လို့ သိ ရ ပါ တယ်။
 Activision ဂိမ်းကုမ္မဏီဟာ Guitar Hero 5 ရဲ့ အောင်မြင်မှုတွေကြောင့် Guitar Hero ဂိမ်း အစီ အစဉ် တွဲ တွေကို ထုတ်လုပ်ခြင်းရပ်နားမယ်လို့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ မှာ ကြေညာခဲ့ တာဖြစ် ပါတယ်။ ဒါ့ အပြင် ဒီ Guitar Hero ဂိမ်းအသစ်ဟာ အရင် ထုတ်လုပ်နေကြ ကာတွန်း ဇာတ်ကောင်တွေထက် ပိုမို ပြီး သဘာဝကျမယ့် အသေးစိတ် ပုံစံတွေ ပါဝင်လာမှာဖြစ်ပြီး ဂစ်တာ ပုံစံ အသစ်တွေလည်း ရွေးချယ်ခွင့် ရလာမယ်လို့ သိရပါတယ်။ 
၂၀၁၅ ဟာ ဂီတ ဂိမ်းတွေ များစွာ ထွက်ပေါ်လာမယ့် နှစ်တစ်နှစ်လည်း ဖြစ်နေပါတယ်။ Rock Band ဆိုတဲ့ ဂိမ်းကို ထုတ်လုပ်တဲ့ harmonix ကုမ္မဏီကလည်း Rock Band ဂိမ်းကို ထုတ်လုပ်ဦးမှာဖြစ်ပြီး Rock Band ရဲ့ အစဉ်အလာအတွင်း ပလတ်စတစ် ဂစ်တာတွေ ၊ ပလတ်စတစ် ဒရမ် တွေတော့လို အပ်မှာဖြစ်ပါတယ်။ ဇွန်လမှာ ကျင်းပမယ့် E3 အီလက်ထရောနစ် ပြပွဲကိုတော့ ဂိမ်း ၀ါသ နာရှင်များ ရင်ခုန် စွာစောင့်မျှော်နေ မှာ သေချာပါတယ်။


Credit : http://www.engadget.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment