Powered by Blogger.

Apple ရဲ့ လူမျိုးပေါင်းစုံ အတွက် Emoji လေးတွေက ဝါလွန်းနေသလား


Apple က လူမျိုးပေါင်းစုံ အသုံးပြုနိုင်မယ့် emoji လေးတွေကို အသားအရောင် ၆မျိုးနဲ့ ထုတ်လုပ် လိုက်ပြီ ဖြစ် ပါတယ်။ လုပ်ငန်းဘက်က ပြောကြားချက်အရ ဒီ emoji လေးတွေကို email, text message ပေးပို့ ရာ တို့ တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်ပါတယ်။ ထို အသားအရည် အရောင် ၆မျိုးထဲက တစ်မျိုးရဲ့ အရောင်ဟာ အလွန်ဝါလွန်းနေတာ ကိုလည်း တွေ့ရပါတယ်။ 
“ငါတို့တွေက တကယ်ပဲ အဲ့လောက် ဝါနေသလား” ဆိုပြီး တရုတ်ဗားရှင်း Twitter ဖြစ်တဲ့ Weibo တွင် လူမှုကွန်ယက် အသုံးပြု သူတစ် ဦး က ရေး သားခဲ့ပါတယ်။ “ဒီအဝါက တကယ့်ကို ဝါလွန်း ပါတယ်။ လူတွေက ဘယ်လိုလုပ် ဒီလောက် ဝါနိုင် မှာ လဲ” ဆိုပြီး အခြား တစ်ယောက်က ပြန်မေးထား ပါသေး တယ်။
 နောက်ဆုံးထွက် iOS 8.3 တွင် emoji အသစ်ပေါင်း ၃၀၀ခန့် ပါဝင်လာပြီး ယခုချိန်ထိတော့ လူထု ထဲကို မဖြန့်ချီ သေးပါဘူး။ Icon လေးတွေ အတွက် ကီးဘုတ်က ယူနီကုဒ်ကို အခြေခံ ထားပြီး စာတွေ၊ နံပါတ်တွေ၊ emoji တွေ အားလုံးကို ဘယ် platform မှာ မဆို ကြည့်ရှုနိုင်မည် ဖြစ်ပါတယ်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment