Powered by Blogger.

“Place Tips” ဆိုတဲ့ feature သစ် ကို Facebook ထုတ်ပြန်


ယခုအခါ Facebook သည် Foursquare နှင့် Yelp တို့ကဲ့သို့သော သင်အခု ဘယ်နေရာ မှာရောက်နေ တယ် ဆိုတာမျိုးကို ဖော်ပြပေးနိုင်သည့် Feature အသစ်ကို ထုတ်လုပ် လိုက်ပြန်ပါပြီ။ ထို Feature အသစ်ကို Place Tips ဟု အမည်ပေးထားပြီး Facebook app ကို အသုံးပြုနေစဉ် ရောက်ရှိနေသော ဧရိယာအတွင်းရှိ အခြားသော အသုံးပြု သူများကို ဖော်ပြပေးနိုင်သော feature သစ် ဖြစ်ပါတယ်။
News feed ၏ အပေါ်ဘက်တွင် လင့်ခ် တစ်ခုပေါ်လာမည်ဖြစ်ပြီး ထိုမှတဆင့် သူငယ်ချင်းများထံသို့ အချက်အလက် နှင့် ဓာတ်ပုံများပါ ဝေမျှပေးနိုင်မည် ဖြစ်ပြီး စီးပွားရေးအရ လိုအပ်သော အချက်အလက်များကို ပါ ဝေမျှပေးမှာ ဖြစ်ပါတယ်။ ဥပမာအနေဖြင့် စားသောက်ဆိုင် တစ်ဆိုင်ဖြစ်ပါက ထို စားသောက်ဆိုင်ရှိ မီနူးကိုပါ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
သင့်ဖုန်းမှာ Facebook ၏ နေရာအချက်ပြစနစ်ကို ဖွင့်ထားမှသာ ထို tip များပေါ်လာမည် ဖြစ်ပြီး သင့်အနေဖြင့် ပိတ်ထားလိုကလည်း ပိတ်ထားနိုင်မည် ဖြစ်ပါတယ်။ ယခုအခါတွင် New York တွင် ကျယ်ပြန့်စွာ အသုံးပြုနေနိုင်ပြီဖြစ်ပြီး Facebook အသုံးပြု သူအားလုံးထံ ပျံ့ နှံ့နေပြီ ဖြစ်ပါတယ်။ နေ့စဉ် Facebook အသုံးပြု သူ သန်း ၉၀၀ အတွင်း ၈၅% ခန့်သည် Facebook ကို mobile phone မှ တဆင့် အသုံးပြုနေ ကြသူများ ဖြစ်ပါသည်။


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment